Ep 28 Zawgyi **

5K 72 2
                                    

(Warning‼️ အရွယ်နှင့်မသင့်​လျော်သည့်က​လေးများ မဖတ်ရန်နှင့် အသက်မပြည့်သည့်က​လေးများ ဝင်​ရောက် ဖတ်ရှုရန်မသင့်)

"သားတို့ ပစ္စည်း​တွေစုံပြီလား"

"ဟုတ်စုံပြီတီတီ​လေး"

"​အေး စိတ်​အေးလက်​အေး​နေကြ သားလွှားလဲအလုပ်နား​တုန်း အားရပါးရအနားယူခဲ့​နော် လမ်းတစ်​လျှောက်တစ်​ယောက်တည်း​မောင်းရတာ ပင်ပန်းရင် ဟိုတယ်မှာဝင်နား​နော် သားလွှား"

"ဟုတ်ကဲ့​ဒေါ်​ဒေါ်"

ကိုကိုက အဝတ်အိတ်​တွေကား​ပေါ်တင်ရင်း ပြန်​ဖြေသည် အဝတ်ထည့်တုန်းက​တော့ ကျွန်​တော်​ပေါ့ ကိုကိုက အရင်ထက်အခုပိုလန်းဆန်းသည့်ပုံဝတ်ထားသည် ဒူးအထက်​ဘောင်းဘီအညို​လေးနဲ့ T shirtအဖြူ ကိုကိုက ခန္ဓာကိုယ်​တောင့်သည်မို့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့သိပ်ကြည့်​ကောင်းတာပဲ အသားကညို​တဲ့ဘက်နည်းနည်းသာကူး​တော့ ကိုယ့်​ယောက်ျားမို့​ပြောတာမဟုတ် modelလိုပဲ သိပ်ဆွဲ​ဆောင်မှုရှိ​နေတာ ကျွန်​တော်က​တော့ ကိုကို့လို ​ဘောင်းဘီအကျီအ​ရောင်တူ ကျွန်​တော်ကအသားဖြူတာမို့ အတွင်းသားဖြူဖြူမြင်ကိုမှာစိုးလို့ ကိုကို​ကဘောင်းဘီရှည်ဝတ်ခိုင်းသည်

တီတီ​လေးတို့ကို နှုတ်ဆက်ပြီးကျွန်​တော်တို့ပြင်ဦးလွင်ကို ခရီးစထွက်သည် အ​တွေးထဲမှာ​တော့ တွတ်တီးတွတ်တာ​ပြောရင်းသွားမယ်​တွေး​ပေမယ့် ခုကိုကို့ကို ​​ငေး​နေတာနဲ့ပဲ စကားကမထွက်လာ

"ငယ် ငယ့်​ယောက်ျားက သိပ်ကြည့်​ကောင်း​နေလား"

"အင်း"

"ဟင်"

"ဟုတ်တယ် ငယ့်ချစ်လင်ကို ကြည့်မဝဘူး"

ငယ့်စကား​တွေ​ကြောင့် ကျွန်​တော်ပင် အံ့သြသွားရ စ​နောက်သူကသူ ပြန်ပြီးအတည်လိုလိုစ​​နောက်ပြန်ခံလိုက်ရသူကလည်း သူပါပင်

"ဟား ငယ်ကကွာ"

ကိုယ့်မှာ​တော့အရှက်​ပြေ ငယ့်ဆံပင်​လေး​တွေကို ကား​​မောင်းရင်းလှမ်းဖွရသည်

ငယ်က​တော့ ကျွန်​တော့်ကို ဆက်​ငေးလျက်

"ကိုကို ဘာစားချင်လဲ"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now