Unicode
"လာ ကိုယ့် ရင်ခွင်ထဲ"
"စာမရသေးဘူး ကိုကိုရဲ့"
မျက်နှာလေးရှုံ့မဲ့ကာညည်းနေသူ ကိုယ်ကတော့ ရေမိုးချိုးပြီး အိပ်ရာပေါ်အခန့်သား ကလေးကတော့ အိပ်ရာဘေးက စာကြည့်စားပွဲလေးပေါ်မှာ စာအုပ်လေးကြည့်ပြီး မျက်နှာက ငိုချင်ရက်လက်တို့လေး ပြန်ရောက်ရောက်ချင်း ပြောချင်သမျှပြောထားခဲ့ရလို့ စိတ်ကပေါ့နေသည် ကလေးအတွက်ဝယ်လာတဲ့ ရေခဲမုန့်ဘူးကြီးကိုရှေ့ချပေးတော့ စာလေးကြည့်လိုက် ရေခဲမုန့်တစ်ဇွန်းခပ်လိုက်ငုံလိုက်နှင့် စိတ်သက်သာရာရနေပြီး အိပ်ခံနီးမှ ညည်းညူနေတော့တာပဲ
"ကိုကိုဝိုင်းကျက်ပေးရမလား"
ထိုစကားကြားတော့ ခေါင်းကိုချာကနဲလှည့်လာပြီး မျက်နှာလေးဆူပုတ်ပုတ်လုပ်လို့ လက်ညှိုးလေးတစ်ချောင်းကိုခါရမ်းပြီး
"နိုး နိုး နိုး မကျက်ပေးနဲ့ ပြီးရင်ကိုကိုက စာအရင်ရသွားရင် ငယ်ပဲကိုကို့ကို မနာလိုရမှာ"
"အဲ့တော့ ကိုယ်က ဘာကူရမလဲ ဒီလိုလုပ် ကျောင်းဆက်မတက်တော့နဲ့ ယောက်ျားလုပ်စာပဲထိုင်စားမလား"
"အင်း တစ်ခါတစ်လေတော့လဲ စာမရရင် အဲ့လိုလုပ်ချင်ရဲ့သား ဒါပေမယ့်လဲ ကိုကိုရယ် လူ့ဘဝဆိုတာ ဒီလိုဒုက္ခလေးတွေတော့ရှိမပေါ့လေ"
အဖြေစကားကို ဘောပင်လေး မေးထောက်လို့ ချစ်စရာဖွယ်ဖြေနေသည်မို့ မာန်ထက်လွှား ရင်ထဲ အသည်းတယားယားနဲ့ပေါ့
ဖြေပြီးတာနဲ့ ခေါင်းလေးပြန်လှည့်သွားပြီးငူငူလေးစာကြည့်နေသူအား စိတ်မထိန်းနိုင်တော့ ချက်ချင်းထရပ်လို့ ခြေထောက်လေးနဲ့ကျောလေးမှပွေ့ချီရင်း အိပ်ရာလေးထဲမှာ ထွေးပွေ့လိုက်ရင်း မျက်နှာအနှံ့ အနမ်းတွေစွတ်စေလိုက်သည်
"ငယ်ရယ် အသည်းယားလိုက်တာ စာမရရင် မဖြေချင်သွားဖြေမနေနဲ့ ငယ်စိတ်ညစ်ခံမနေနဲ့"
ငုံ့မိုးထားသည်မို့ မျက်လုံးဝိုင်းစက်စက်လေးတွေဖြင့် ကျွန်တော့်အားမော့ကြည့်ရင်း
YOU ARE READING
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...