Ep4 Uni+Zawgyi

18.7K 972 13
                                    

Unicode

ကိုကိုက ​သွေး​အေးတတ်တဲ့သူမို့ ဝုန်းဒိုင်းကျဲ​နေပါတယ်ဆိုတဲ့ စကားကြား​တော့ ကျွန်​တော့်နားပင် ကျွန်​တော်မယုံနိုင်ဖြစ်ခဲ့ရသည်။ထို့​ကြောင့်ပဲ ကျွန်​တော် ကိုယ်တိုင် အတည်ပြုရန် ကိုကိုရှိရာ အခန်းသို့သာ ​​ခြေလှမ်းများ​ရွေ့လျားလိုက်သည်

​ဒေါက်! ​ဒေါက်!

"ကျစ်! ဘယ်သူလာပြန်တာလဲ"

"မာန်"တစ်​ယောက် စုတ်သပ်မိသည် ​ဒေါသထွက်​နေချိန် အတတ်နိုင်​ဆုံး တစ်​ယောက်ထဲသာ ​နေချင်မိပါသည်။တစ်ဖက်မှာလဲ​ဒေါ်​ဒေါ်များ ဖြစ်​​နေမလားဆိုတဲ့ ​မျှော်လင့်ချက်​ရောင်ခြည်​လေးကလဲရှိ​နေ​ပေ​တော့ ကျွန်​တော်တံခါး၂ချပ်ကို ဖွင့်ဟ​​ပေးလိုက်သည်

"ရွန်း​ဝေလ"တစ်​ယောက် တံခါးလာဖွင့်သူကို ​ကျော်လွန်၍ အခန်းတွင်းအား​ဝေ့ဝဲကြည့်မိသည်။ကျွန်​တော့်မျက်စိပင် ကျွန်​တော်မယုံနိုင်ဖြစ်မိပါသည် အခန်းထဲပုလင်းကွဲစ​တွေ ပြန့်ကျဲလျက် ကိုကို အ​တော်​ဒေါသထွက်​နေသည်လား။ကို့ကို ကိုကျွန်​တော်​သေချာမသိခဲ့၍လား ကိုကိုက ထိုသို့​ပေါက်ကွဲတတ်သူမဟုတ်ဟု ထင်ခဲ့တာ။ဒီလိုမြင်ရ​တော့ ကျွန်​တော် စိတ်မပျက်သွားသည့် အပြင် ကိုကိုဟာ ဘယ်လိုလူမျိုးလဲဟုပင် ကျွန်​တော်ပိုစူးစမ်းချင်မိသည်။

*ကျစ်!ဒီက​လေးပဲ မင်းကရှုပ်ကိုရှုပ်တယ်*စိတ်ထဲမှသာ ​ရေရွတ်မိသည့်စကားတစ်ခွန်း

"ကိုကို ထမင်းမစားဘူးဆို"

"မင်းအပူပါလား"

"ကျွန်​တော့်အပူ​တော့မပါပါဘူး ဒါ​ပေမယ့် ထမင်း​​တွေနေ့တိုင်းပို​နေ​တာ နှ​မြောလို့"

"ဒါဆိုလဲ​နောက်​​​​နေ့ ငါ့အတွက်ထည့်ချက်မ​နေနဲ့ မင်းဒီ​လောက်နှ​မြောတသဖြစ်​နေရင်"

ဂျိမ်း!

"မာန်"တစ်​ယောက် တံခါးသာ​စောင့်ပိတ်လိုက်သည်

"အလိုက်ကန်းဆိုးမသိတဲ့အ​ကောင်!!"

"ရွန်း​ဝေလ"တစ်​ယောက်စကားကိုအ​ကောင်း​ပြောချင်​သော်လည်း ထိုလူ၏နှုတ်ခမ်းတည်တင်း၍ ရန်လို​နေသည့် မျက်နှာထားမြင်လျှင် ​လျှော့​နေ​သောစိတ်ကပါ တင်းခနဲဖြစ်ရသည်မှာ အမြဲတ​စေ

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now