Ep 41 Uni*

11.9K 501 12
                                    

A little Warning❗🤏

ငယ်​လေးစားချင်သည့် မုန့်ကိုသိပြီမို့ အလျင်အ​ပေါ်ထပ်ကို​ပြေးတက်၍ အချိန်မလင့်ခင်ရှာပုံ​တော်ဖွင့်ရ​ပေမည် ကား​သော့အား စားပွဲ​ပေါ်မှ ယူ၍ ငယ်​လေးအားတွဲ​ခေါ်ကာ အ​ပေါ်ထပ်မှ ဆင်းလာရင်း ​ဒေါ်​ဒေါ်တို့အားနှုတ်ဆက်၍ မုန့်အရှာထွက်ရသည်

အိမ်ဘက်တွင်​တော့ အဲ့လိုအသည်​တွေရှားသည်မို့ အခြားရက်ကွက်​တွေမှာ တစ်လမ်းဝင်တစ်လမ်းထွက်၍ လိုက်ရှာရသည်

အချိန်အားဖြင့်၂နာရီကြာ ရှာပြီးသည့်​နောက် ခြင်း​တောင်းထဲ ငယ်​ပြောသလို မုန့်မျိုးသယ်ရင်း ​ခြေလျင်​လျှောက်​ရောင်း​​နေသည့် အဘွားအား​တွေ့​တော့

ကားထဲကလှမ်းဝယ်ရင်ရိုင်းရာကျမည်မို့ ကား​ပေါ်ကဆင်းကာ အဘွား​နောက်လိုက်ရင်း

"အဘွား အဲ့မုန့်ဝယ်ချင်လို့ ဘယ်လို​ရောင်းလဲဗျ"

အဘွားက အ​တော်ပင်အို​နေ​လေပြီ ကိုယ်ပါဂရုဏာသက်ရင်း ​ခေါင်း​ပေါ်က ခြင်း​တောင်းကူချ​ပေးသည် ငယ်ကလဲကိုယ်ရှိရာ ​ဖြေး​ဖြေး​လျှောက်လာရင်း ကမန်းကတန်းမို့ ပိုက်ဆံအိတ် ကျန်ခဲ့တာ လာ​ပေးရသည်

"၁၀ကျပ်သား ၁၀၀၀သား"

"ဟုတ်"

ငယ်လဲ အနား​ရောက်​နေပြီမို့ ငယ်ဘယ်​လောက်စားမလဲဆိုပြီး အကြည့်နှင့်​မေး​တော့

"ကိုကို အကုန်ဝယ်လိုက်ရ​အောင်လား အိမ်ကတီတီ​လေးတို့လဲ စားလို့ရ​အောင် ပြီး​တော့ ငယ်တို့အလှူ​လေးလုပ်ရ​အောင်လား"

"ငယ့်သ​ဘောရှိပါဗျာ"

ငယ့်ဆံသားနုနု​လေး​တွေအားဖွလို့ဖြေမိသည်

"အဘွားဒါ​တွေအားလုံးဆို ဘယ်​လောက်ဖိုး​လောက်ရှိမလဲ ခြင်းပါအပါ​ပေါ့ ကျွန်​တော်တို့လဲ သယ်ရလဲအဆင်​ပြေ​အောင်"

"၅​သောင်းဖိုးရှိတယ်သား ခြင်းကို​တော့ ၁၀၀၀ပဲ​ပေး​နော်"

"ဒါဆို ခြင်းဖိုး၅​သောင်း မုန့်ဖိုး ၅​သောင်း ၁သိန်းယူသွား​နော်အဘွား" လှူတယ်ဆိုရိုင်းရာကျမည်လဲစိုးမိသည်​ကြောင့်ပင်

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now