"ဟင့် ဒီမှာတီတီလေး"
ရွှန်းဝေလ အဒေါ်ဖြစ်သူအား သူ့ဖုန်းထဲကပုံများကို ပြမိသည်
"တီတီလေး သား ကိုကို့ကို လက်မလွှတ်ချင်ဘူးဆိုရင်တောင် လက်လွှတ်ပေးရတော့မယ်ထင်တယ်"
ကလေးက အရမ်းစိတ်မာသူဆိုတာ သူမအသိဆုံး အဖေအမေ မရှိတော့တာတောင် ကလေးက တဂျီဂျီလုပ်ပြီး တစ်ပါးသူကို စိတ်ဒုက္ခမပေးတတ် ခုတော့ မျက်ရည်ခိုင်လှသည့်ကလေးက မျက်ရည်တစမ်းစမ်းဖြစ်နေတာကို မြင်ရတော့ သူမရင်ထဲစို့နင့်လာရသည် ရွှန်းဝေလလေးအားချော့မော့ပြီး အခန်းပြင်ထွက်လာတော့ သားလွှားကိုတန်းတွေ့ရသည်
"သားလွှား ဒေါ်လေးတောင်းပန်ပါတယ် သားလွှားက သားသားလေးကို မချစ်ဘဲဒေါ်လေးရဲ့ စေခိုင်းမှုကြောင့်ဆန္ဒမပါဘဲ လက်ထပ်ခဲ့ရတယ် ဒေါ်လေး အမှားတွေမို့ သားသားလေးကို အထင်မလွဲပါနဲ့နော်"
"သား ကွာရှင်းချင်တယ် ဆိုလဲ ဒေါ်လေး ကွာရှင်းခွင့်ပြုပြီး အခု ဆန္ဒရှိနေတဲ့ မိန်းကလေးနဲ့လက်ထပ်ခွင့်ပြုပေးပါ့မယ်ကွယ် သားရွှန်းဝေလလေးကိုတော့ စိတ်ပျက်အောင်စိတ်ဒုက္ခမပေးပါနဲ့ ဒေါ်လေးရဲ့ တဇွတ်ထိုးအမှားတွေပါ"
"ဒေါ်ဒေါ် ကျွန်တော် အစက ရွှန်းဝေလကို မကြိုက်ဘဲယူခဲ့တာမှန်ပါတယ် ဒါပေမယ့် အခုကျွန်တော် ရွှန်းဝေလကို ချစ်သွားပါပြီ ဒါကလဲ ကျွန်တော် မရည်ရွယ်ဘဲ..."
"ဒါဆို ဒေါ်လေးကိုတစ်ခုပဲပြော ပုံထဲကလို တကယ်ဖြစ်ခဲ့ကြတာလား"
"မဟုတ်ပါဘူး ဒေါ်ဒေါ်"
"ဒေါ်လေးသားလွှားကိုယုံတယ် သားလွှားက ဘယ်တော့မှဒေါ်လေးကိုမလိမ်ဖူးဘူး သားလွှားမျက်ဝန်းတွေက လိမ်ရင်အရမ်းသိသာတာမို့ ဖြူစင်တဲ့ ဒေါ်ဒေါ့်တူလေးကို အကြွင်းမဲ့ယုံတယ် သားလွှား"
"ကျွန်တော့်မှာ အခုသက်သေမရှိသေးဘူးဒေါ်ဒေါ်"
"ဘယ် Hotelလဲ ဒေါ်လေး ဘယ်လိုကူညီရမလဲ"
"Royal star Hotelပါဒေါ်လေး"
"ဒေါ်လေး အဲ့ပိုင်ရှင်ကို သိတယ် ဦးတည်ခန့် Hotel"
![](https://img.wattpad.com/cover/294599059-288-k441021.jpg)
YOU ARE READING
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...