Ep 39 Uni+Zawgyi

9.4K 514 19
                                    

Unicode

ကျွန်​တော်တို့ ​ဆေးရုံခန်းတွင်း​ရောက်​ရောက်ချင်း ကျွန်​တော့်အား nurseမ​​လေးက ဆရာဝန်ကြီး​ခေါ်​ကြောင်း အမှာပါးလိုက်သည်မို့ အ​​တော်ပင် ပူပန်သွားရ၏

အခန်းတွင်း​ရောက်​တော့ ဆရာဝန်ကြီး မျက်နှာကဲကို ​ဖော်မရ​အောင် ဖြစ်ရသည်မို့ အမြန်ပင်​မေးခွန်းထုတ်လိုက်သည်

"​ဆရာ ကျွန်​တော့်ကို ​ခေါ်လို့ပါ ကျွန်​တော်ရွှန်း​ဝေလခင်ပွန်းပါ"

"ဟုတ် ရွှန်း​ဝေလက ကြုံ​တောင့်ကြုံခဲတစ်ခုဖြစ်​နေပါတယ်"

"စိုးရိမ်ရလားဆရာ"

"မစိုးရိမ်ရပဲ လူနာရှင်အ​နေနဲ့​တော့ ၇၅ရာခိုင်နှုန်းကဝမ်းသာရမယ်ထင်ပါတယ်"

"ကျန်တဲ့၂၅ရာခိုင်နှုန်းက​ရော ဆရာ"

"အဲ့ဒါက​တော့ သူ့​ရောဂါ​​ကြောင့်ပါ"

"​ဆရာဖြစ်နိုင်ရင် ကျွန်​တော့်ကို ​ကွေ့ဝိုက်မ​နေ​စေချင်ဘူး"

"လူနာမှာ ကိုယ်ဝန်ရှိ​နေပါတယ် တစ်ဆက်တည်းမှာပဲ နှလုံး​ရောဂါက အစပျိုး​နေပါတယ်"

ဆရာဝန့်စကား​ကြောင့် သူ့မှာ ဝမ်းနဲဝမ်းသာဖြစ်ရသည် ဝမ်းသာမိသည်က သူနှင့်ငယ်​လေး ​သွေးသားအစစ်အမှန်ရ​တော့မှာပင် ဝမ်းနဲသည်က သူ့​ကြောင့်ပဲ ငယ်​လေးက နှလုံး​ရောဂါရခဲ့တာ​ကြောင့်ပင်

"၁၀၀ ရာခိုင်နှုန်းစိတ်ချရ​အောင်ဘယ်လိုလုပ်ရမလဲဆရာ"

"လူနာက ထူးခြားစွာ သားအိမ်ပါ​နေတာ​ကြောင့် က​လေးရသွား​ပေမယ့် ​သာမာန်မဟုတ်တာ​ကြောင့် နှလုံး​ရောဂါအတွက် ကျွန်​တော်စိုးရိမ်မိတယ် အရမ်းမဆိုး​သေး​ပေမယ့် နှလုံး​ရောဂါက သာမာန်မိခင်ဖြစ်​နေရင်​တောင် နည်းနည်းကသီတယ် ခွဲ​မွေးမှာဆို​တော့ ​ဒီ​ခေတ်ကာလမှာ ​အောင်မြင်ဖို့ရာခိုင်နှုန်းများနိုင်ပါတယ်ဗျ"

"ဆရာတို့ကို မယုံတာမဟုတ်ပါဘူးဗျာ ဖြစ်နိုင်ရင် နိုင်ငံရပ်ခြားမှာဆို 100%​အောင်မြင်နိုင်လားဆရာ"

"ကျွန်​တော်တို့နိုင်ငံမှာလဲပထမဦးဆုံး riskဆို​တော့ လူနာရှင်စိုးရိမ်ရင် တခြားနိုင်ငံမှာ ပိုအဆင်​ပြေနိုင်ပါတယ်"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now