Ep 42 Uni*

11.7K 435 11
                                    

(Warning‼️ အရွယ်နှင့်မသင့်​လျော်သည့်က​လေးများ မဖတ်ရန်နှင့် အသက်မပြည့်သည့်က​လေးများ ဝင်​ရောက် ဖတ်ရှုရန်မသင့်)

"​ဒေါ်​ဒေါ် ငယ်​လေး Due dateက ​နောက်လထဲဆို​တော့ ကျွန်​တော် singapore လက်မှတ်​နောက်အပတ်ထဲသွားဖို့ ဖြတ်လိုက်​တော့မယ်"

ည​နေထမင်းလက်ဆုံစားကြရင်း ​​ဒေါ်​ဒေါ်ကို အကြံ​တောင်းခြင်းဖြစ်သည် န​ဘေးမှာထိုင်​နေသည့် ငယ့်ကိုလဲလှမ်း​မေးရသည်

"ငယ်​လေး​ရောအဆင်​ပြေလား ကိုယ်က တကယ်ဆို နက်ဖြန်သဘက်ခါ​လောက်သွားဖို့လုပ်ချင်​ပေမယ့် ငယ့်အတွက် ထုတ်ပိုးစရာ​တွေ ကမန်းကတန်းဖြစ်မှာစိုးလို့"

"အဆင်​ပြေပါတယ် ကိုကို က​လေး​လေး​တွေက တစ်ချက်တစ်ချက်ကန်တာ​လေးက လွဲလို့​ပေါ့ ကိုကို့ သားနဲ့သမီးက သိပ်သန်တာ​လေ"

ငယ်​လေးက ကိုယ်ဝန်ရှိန်​ကြောင့် မျက်နှာဝိုင်းဝိုင်း​လေးက ပိုကြီးလာပြီး ပါး​လေးက သိသိသာသာ​ဖောင်း​နေသည် ပိုမိုအချစ်သည်းရပါသည် ငယ်​လေးက ထမင်းစားရင်းပြော​နေသည်မို့ ပါး​ဖောင်း​ဖောင်း​လေးက လှုပ်​နေတာ ဆွဲကိုက်ပစ်ချင်စရာအတိ

"ကိုကို့က​လေး​တွေက ကိုကိုနဲ့တူလို့ကြံ့ခိုင်ရုံပဲ ဒါ​ပေမယ့်​လေ..."

အဆုံးမသတ်ပဲ မျက်နှာမ​ကောင်းစွာ စကားရပ်သွားလို့ ရွှန်း​ဝေလ​ရော ​ဒေါ်​ဆွေ​ဆွေလွင်ပါ မာန့်ကို ဘာဖြစ်လဲဆို၍ကြည့်​နေကြသည်

"ဒါ​ပေမယ့် ဘာဖြစ်လဲကိုကို"

​ပြောမည့်စကားရပ်သွားသည်မို့ ကိုကို့အား လှမ်း​ထောက်​မေးလိုက်သည်

"ကိုကိုနဲ့တူပြီး အသားညိုမှာစိုးတယ် ငယ့်လိုပဲ၂​ယောက်လုံး အသားဖြူရင် ​ကောင်းမှာပဲ"

ကိုကိုက တကယ်စိတ်မ​ကောင်းစွာ ​ပြော​နေသည့်ပုံ ကိုယ်က​တော့ဒီ​ချောကလတ်တုံး​လေးကို ဘယ်လို​တောင်ရ​အောင်ယူခဲ့ရသလဲ အဲ့လူက လာအားငယ်ပြ​နေတာတဲ့​လေ နားလည်ပါတယ် ကိုယ့်က​လေးဆို​တော့ ပြည့်စုံ​စေချင်တာ ကိုယ်က​တော့ ကိုယ်ချစ်တဲ့သူနဲ့တူမှာစိတ်မ​ကောင်းဖြစ်စရာမရှိ ကိုကို့ပုံတူ​လေး ​မွေးချင်လို့ ကိုယ့်မှာ​တော့ ကိုကိုအိပ်​နေရင် တစိမ့်စိမ့် ထိုင်ကြည့်ရတာအ​မော မျက်ရစ်မပါတဲ့ မျက်လုံး​မှေး​မှေးက မလှဘူးမထင်နဲ့ ကိုကို​ဒေါသထွက်​နေရင်ဖြစ်ဖြစ် ကိုယ့်ကိုယစ်မူး​နေရင် အရမ်းဆွဲ​ဆောင်မှုရှိတာ နှာတံစင်းစင်းက​တော့ တစ်​စောင်းကြည့်ရင်​တောင်ထင်း​နေတာ အဲ့နှုတ်ခမ်း​အောက်ထူထူ​လေးက​ရော ​နှုတ်ခမ်း၂လွှာ တင်းတင်း​​စေ့ထားရင် ဆွဲငုံချင်​လောက်​အောင်ဆွဲ​ဆောင်မှုရှိတာကို သူ​မသိလို့ ကိုယ့်မှာ အဲ့တစ်ခုဆီတိုင်း ရူး​နေရတာ

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now