Ep 36 Zawgyi

3.6K 73 4
                                    

"ဟင့် ဒီမှာတီတီ​လေး"

ရွှန်း​ဝေလ အ​ဒေါ်ဖြစ်သူအား သူ့ဖုန်းထဲကပုံများကို ပြမိသည်

"တီတီ​လေး သား ကိုကို့ကို လက်မလွှတ်ချင်ဘူးဆိုရင်​တောင် လက်လွှတ်​ပေးရ​တော့မယ်ထင်တယ်"

က​လေးက အရမ်းစိတ်မာသူဆိုတာ သူမအသိဆုံး အ​ဖေအ​မေ မရှိ​တော့တာ​တောင် က​လေးက တဂျီဂျီလုပ်ပြီး တစ်ပါးသူကို စိတ်ဒုက္ခမ​ပေးတတ် ခု​တော့ မျက်ရည်ခိုင်လှသည့်က​လေးက မျက်ရည်တစမ်းစမ်းဖြစ်​နေတာကို မြင်ရ​တော့ သူမရင်ထဲစို့နင့်လာရသည် ရွှန်း​ဝေလ​လေးအား​ချော့​မော့ပြီး အခန်းပြင်ထွက်လာ​တော့ သားလွှားကိုတန်း​တွေ့ရသည်

"သားလွှား ​ဒေါ်​လေး​တောင်းပန်ပါတယ် သားလွှားက သားသား​လေးကို မချစ်ဘဲ​ဒေါ်​လေးရဲ့ ​စေခိုင်းမှု​ကြောင့်ဆန္ဒမပါဘဲ လက်ထပ်ခဲ့ရတယ် ​ဒေါ်​လေး အမှား​တွေမို့ သားသား​လေးကို အထင်မလွဲပါနဲ့​နော်"

"သား ကွာရှင်းချင်တယ် ဆိုလဲ ​ဒေါ်​​လေး ကွာရှင်းခွင့်ပြုပြီး အခု ဆန္ဒရှိ​နေတဲ့ မိန်းက​လေးနဲ့လက်ထပ်ခွင့်ပြု​ပေးပါ့မယ်ကွယ် သားရွှန်း​ဝေလ​လေးကို​တော့ စိတ်ပျက်​အောင်စိတ်ဒုက္ခမ​ပေးပါနဲ့ ​ဒေါ်​လေးရဲ့ တဇွတ်ထိုးအမှား​တွေပါ"

"​ဒေါ်​ဒေါ် ကျွန်​တော် အစက ရွှန်း​ဝေလကို မကြိုက်ဘဲယူခဲ့တာမှန်ပါတယ် ဒါ​ပေမယ့် အခုကျွန်​တော် ရွှန်း​ဝေလကို ချစ်သွားပါပြီ ဒါကလဲ ကျွန်​တော် မရည်ရွယ်ဘဲ..."

"ဒါဆို ​ဒေါ်​လေးကိုတစ်ခုပဲ​ပြော ပုံထဲကလို တကယ်ဖြစ်ခဲ့ကြတာလား"

"မဟုတ်ပါဘူး ​ဒေါ်​ဒေါ်"

"​ဒေါ်​လေးသားလွှားကိုယုံတယ် သားလွှားက ဘယ်​တော့မှ​ဒေါ်​လေးကိုမလိမ်ဖူးဘူး သားလွှားမျက်ဝန်း​တွေက လိမ်ရင်အရမ်းသိသာတာမို့ ဖြူစင်တဲ့ ​ဒေါ်​ဒေါ့်တူ​​လေးကို အကြွင်းမဲ့ယုံတယ် သားလွှား"

"ကျွန်​တော့်မှာ အခုသက်​သေမရှိ​သေးဘူး​ဒေါ်​ဒေါ်"

"ဘယ် Hotelလဲ ​ဒေါ်​လေး ဘယ်လိုကူညီရမလဲ"

"Royal star Hotelပါ​ဒေါ်​​လေး"

"​ဒေါ်​လေး အဲ့ပိုင်ရှင်ကို သိတယ် ဦးတည်ခန့် Hotel"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now