Unicode
မုန့်စားပြီးနောက် ငွေရှင်းပြီး ကားနားငယ့်လက်ကလေးကို ဆွဲလို့ ထွက်ခဲ့ကြသည်
"အယ်"
"ငယ် ဘာဖြစ်လို့လဲ"
"ငယ်ဖုန်းကျန်ခဲ့လို့ သွားယူလိုက်အုံးမယ် ကိုကိုဝင်နှင့်နော်"
"ကိုယ်သွားယူလိုက်မယ်လေ"
"ရတယ် ကိုကို စက်နှိုးထားနှင့်နော်"
ငယ်က သူ့လက်လေးဆီက ရုန်းထွက်ရင်း ကျောခိုင်းကာ အလျင်လေး စားသောက်ဆိုင်ထဲပြေးသွားသည်
"မောင်လေး ဒီမှာဖုန်းကျန်ခဲ့လားလို့"
"ဟုတ်တယ် အစ်ကို ခုပဲကျွန်တော်လာပေးမလို့"
ဖုန်းလေးကို waiterက ကမ်းပေးတော့ သူကားလေးနား အလျင်ပြန်ထွက်လာသည် ရေသွားကူးရမယ်ဆိုတဲ့ပျော်ရွင်သည့်စိတ်ကလေးဖြင့်
တောင်!! တောင်!!
ရွှန်းဝေလဖုန်းကို စိတ်မရှည်စွာ ကြည့်လိုက်သည် ဝင်လာသည့် စာကြောင့် မျက်ခုံးတွေစုကျုံ့လို့ ဒေါသတွေထွက်လာမိသည် စိတ်မရှည်မှုက ဖုန်းဆီမဟုတ်တော့ဘဲ ခုသွားနေတဲ့ခြေလှမ်းတွေ ဆီဦးလှည့်သွားသည် မာန်ထက်လွှားဆီပို အရောက်သွားချင်သွားသည်
ပြီးနောက် ကားပေါ်အမြန်တက်လိုက်သည်
"ဒါဆို ကိုကိုတို့ရေတံခွန်သွားကြမယ်နော်"
"ဘယ်မှ သွားစရာမလိုတော့ဘူး အိမ်ကိုပဲမောင်း"
ငယ့်စကားဟာ အနည်းငယ်တော့ မာရေကြောရေနိုင်လှသည် ချစ်သည့်စိတ်ကြောင့်သာ သူလျှော့မိတာ တခြားသူဆိုသူခံနိုင်မှာမဟုတ် သူလဲအကြောင်းပြချက်မမေးချင်တော့တာမို့ ကားလေးဟာ သူတို့နေသည့် ဘန်ဂလိုဆီတရွေ့ရွေ့
အိမ်ရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အိမ်ပေါ် တက်သွားသူကြောင့် သူကိုယ်တိုင်လဲ နောက်ကလိုက်မိသည် ခုနက ရယ်ပြုံးနေတဲ့သူက ချက်ချင်းမျက်နှာထားကတည်နေတာမို့ ဘာများဖြစ်လဲဆိုတာက လူတိုင်းအဲ့အခြေအနေကို သိချင်ကြမှာပဲလေ

KAMU SEDANG MEMBACA
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Cerita Pendekမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...