Ep 31 Zawgyi

4K 77 2
                                    

ဒီ​နေ့​တော့၂​ယောက်သား မ​နေ့ညက အ​တော်ပင်ပန်းထားတာမို့ တော်​တော်နဲ့အိပ်ရာမနိုး ညက ကိုယ်ကပန်းပန်းနဲ့အိပ်မိ​ပေမယ့် တ​​ရေးနိုးက​လေးကိုထပြီး သန့်ရှင်း​ရေးလုပ်​ပေးရ​သေး ဗိုက်နာ​နေမှာလဲစိုးမိသည် မ​နေ့က ပုံစံက ငယ်​ရောသူ​ရောအတွက် အရမ်းပင်ပန်း​စေသည်

ကိုယ်က​တောင်ငယ့်ထက်​စောနိုး​နေ​သေးသည် အိပ်​နေသည့် ငယ်​လေးကိုတစိမ့်စိမ့်ကြည့်ရင်း အူယားမိသည် မနိုး​စေချင်တာမို့ ကိုယ်ကလဲမထိရက်

တောင် !! ​တောင် !!

ငယ့်ဖုန်းက စာပို့သံမြည်လာသည်မို့ ကိုယ့်သက်ဆိုင်သူဖြစ်တာ​ကြောင့် သူ့အတွင်း​ရေးကိုလဲသိချင်လာမိသည် ထို့​ကြောင့် အိပ်​နေသူမသိအောင် ငယ့်လက်​ဗွေ​လေးဖြင့် ဖုန်းကိုဖွင့်လိုက်​တော့ မြင်လိုက်သည့်ပုံ​​တွေ​ကြောင့် ကိုယ်ပါ မျက်လုံးပြူးသွားရ ပုံ​တွေက သူနှင့်ဦးတည်မြဲသမီး နန္ဒာ တို့ အိပ်ရာပေါ်က အ​ပေါ်ပိုင်းဟာလာဟင်းလင်းနှင့် ​စောင်ခြုံထားသည့် ဖက်​နေပုံများ သူက​တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်​နေပြီး အဟင်း ဟိုမိန်းမက​တော့ အိုက်တင်​​ပေးကာ အိပ်ချင်​ယောင်​ဆောင်​နေပုံ​ပေါ့ ကိုယ်ကလက်ဦးပြီး​တွေ့မိတာက တစ်ဗန်းသာသွားသည် ငယ့်ဖုန်းနံပါတ်ကိုရဖို့ ထိုကလိမ်မ အတွက် စုံစမ်းဖို့လွယ်လှပါလိမ့်မည် ကိုယ်လဲကြည့်ကြည့်ပြီးချင်း ငယ်မသိ​အောင်အမြန်ဖျက်လိုက်ရသည် ရန်သူက ကိုယ့်ကိုထိုးနှက်မည့်အကွက်ကို ကြိုသိထား​တော့လဲအ​ကောင်းသား ကံသီလို့သာ ငယ်မ​တွေ့ခင် သူ​တွေ့ခွင့်ရခဲ့တာ ငယ့်ကိုလဲ ထပ်ပို့ဖို့ဒီမိန်းမက ဝန်​လေးမှာမဟုတ် ငယ်သိ​​အောင်ကိုလုပ်မှာပင် ၁လပြည့်ဖို့ လဝက်လို​သေးတာကို တမင်​နှောင့်လိုက်တာ သူတို့ကိုကွဲ​စေချင်လို့

"ကိုကို နိုးပြီလား"

ရင်ခွင်ငယ်ထဲက ငယ်​လေး က အချိန်ကိုက်နိုးလာသည်မို့ အနည်းငယ်​တော့ ကျွန်​တော်လန့်သွားရသည် သူခိုးလူမိဖြစ်အင်ပဲမလား

"အင်း ငယ်"

"ဘယ်နှနာရီရှိပြီလဲ"

"ကိုယ်လဲ အာ့သိချင်လို့ငယ့်ဖုန်းယူကြည့်​နေတာ"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now