ဘတ်စ်ကားစီး ထမင်းအပြင်မှာစားရတာမို့ လက်ထဲက ပိုက်ဆံကအတော်ပါးလာပြီ ဒါတောင်တီတီလေး ပေးထားတာတွေ စုထားခဲ့လို့ ကိုကို့ကိုတော့ မတောင်းရဲပါဘူး သူကသူ့ပိုင်ဆိုင်မှုထိရင် ကြိုက်တာမဟုတ်ဘူး ဘယ်ကတည်းက ဥထားချင်နေမှန်းမသိ တီတီလေးကိုလဲအပူမကပ်ချင် ကို့ကိုဆီကပိုက်ဆံက သားသားလေးပိုက်ဆံပဲလို့ လက်ထပ်ကတည်းကပြောထားတာမို့ ကြားကပြသနာတွေမဟချင်တာတစ်ကြောင်း ထို့ကြောင့် အန်တီမွန်ကို နောက်နေ့တွေ ထမင်းချိုင့်ထည့်ပေးဖို့ တိုးတိုးတိတ်တိတ်တောင်းဆိုရပေအုံးမယ်
"လက်ထဲမှာကလဲ ၅၀၀၀ ပဲ ကျန်တော့တယ် ဟူး ဘယ်လိုစခန်းသွားရပါ့"
လက်ထဲက ၅၀၀၀တန်တစ်ရွက်ကို ကြည့်ရင်း သက်ပြင်းအခါခါချမိတော့တာပဲ အရင်ကပိုက်ဆံနဲ့ပတ်သက်ရင် အသုံးအစွဲမကြီးလှပါ တီတီလေးက နေ့တိုင်းပေးတဲ့မုန့်ဖိုးကို ပိုရင်စုထားတတ်သော်လည်း ခုက တစ်ပြားမှမရတော့ တော်တော်တိုင်ပတ်နေပြီ အလုပ်ထွက်လုပ်မှရတော့မည့်အခြေအနေမို့ အနီးကပ်သူငယ်ချင်းကို အကူအညီတောင်းရန် ဖုန်းဆက်ရတော့သည်
"Hello! သားငယ်"
"ပြော ဝေလ"
"ငါလေ အလုပ်လေးတစ်ခုလိုချင်လို့ မင်းကြံပေးပါအုံး"
"ဟျောင့် အဲ့လောက်အခြေအနေတောင် ဖြစ်သွားပြီလား"
"ငါကမတောင်းရဲလို့ပါကွာ ကိုကို့အလွန်မဟုတ်ပါဘူး သူကမအားတော့လဲ"
သားငယ်ဆိုတာ ကျွန်တော့်သူငယ်ချင်းအရင်းကြီးမို့ ဖြစ်စဉ်အကုန် သူမသိတာမရှိမို့ သူ့သာအားကိုးရပေသည်
"ငါ့ဦးလေး စားသောက်ဆိုင်တော့ရှိတယ် မင်းwaiterလုပ်လို့ဖြစ်ပါ့မလား မင်းအခြေအနေနဲ့"
"ငါက ဘာလို့မဖြစ်ရမှာတုန်းကွ ငါက အခုမှဒီလိုဖြစ်တာပဲ ကျေးဇူးတင်ရမှာ ဘာလို့ဆို တီတီသာမမွေးစားရင် ကျောင်းတောင်တက်ဖြစ်ခဲ့ပါ့မလားမသိဘူး"
"အေးပါကွာ ကျောင်းပြီးချိန်ငါစီစဉ်ပေးမယ် ညဥ့်လဲမနက်အောင်ပြန်ချိန်ကို ငါပြောထားပေးမယ်"
YOU ARE READING
ချိုမြိန်သောဥပါယ်(ချိုမြိန်သောဥပါယ်)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...