"ရွန်းဝေလ!"
ထိုသူရဲ့ခေါ်သံကြောင့် ရွန်းဝေလ ရဲ့ ပုခုံးလေးတွေသိသိသာသာ တွန့်သွားမိတာအမှန် ရင်းနှီးနေသည့် အသံဆိုသော်ငှား ဒီလိုမျိုးနာမည် ခေါ်ဖို့နေနေသာသာ အရေးတယူတောင် မကြည့်ဖူးသူက ဒီနေ့မှ ထူးထူးခြားခြား အိမ်ပေါက်ဝမှ လက်ပိုက်၍ စောင့်နေသည် ဒီနေ့မှလေ
"မင်း အခု ဘယ်ကပြန်လာတာလဲ"
"ဟို...ဟို"
"တဟိုဟို လုပ်မနေနဲ့ ဒေါ်ဒေါ်တို့က အလိုလိုက် ပြီးရင် သူမကောင်းတာ မမြင်ကြဘူး ချစ်ဖို့ပဲတတ်ကြတာ"
စကားကမပြောတော့လဲမပြောလို့ ပြောတော့လဲ အဘိုးကြီးကျနေတာပဲ တဗျစ်တောက်တောက်နဲ့ ဆူနေရော
"ကျွန်တော်က ဘာမဟုတ်တာလုပ်လို့တုန်း"
ရွန်းဝေလလဲ ထိုစကားဆိုရင်း ဆောင့်ဆောင့် အောင့်အောင့်ဖြင့် ခြေလှမ်းများကို ဧည့်ခန်းဆီဦးတည်လိုက်သည် နောက်မှလိုက်လာသောသူက
"မင်း ကိုယ်မင်း မသိတာလား ဒါမှမဟုတ် ငါမသိနိုင်ပါဘူး ဆိုပြီး အရူးကွက်လာနင်းနေတာလား ရွန်းဝေလ"
ကျောခိုင်းထားသော ကျွန်တော့်အား ဆူပူနေသော ထိုလူက နောက်ကျောမှ နေ၍ ပုခုံးကိုဆွဲလှည့်ကာ သူနှင့်မျက်လုံးချင်းဆုံစေလိုက်သည် တဖြေးဖြေး နံရံနားရောက်သည်ထိ ကျွန်တော့်ကို တွန်းပို့ရင်း
"ပြောစမ်းပါ ကြည့်တော့ နို့နံ့တောင်မစင်သေးဘူး မိန်းကလေးတွေနဲ့ အတော်နေချင်နေတယ်ပေါ့"
ထိုသူရဲ့ အကြည့်များက မီးတောက်များပင် ထွက်လာမလား စိုးရိမ်ရသည် အနီးကပ်ကြည့်ရင်း အသံက ခပ်ကြိတ်ကြိတ်ဆိုသော်ငှား မာကြောလှသည်
"သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ပဲသွားကြည့်တာပါဗျာ"
"မင်းက ဒီအရွယ်နဲ့ ရည်းစားတောင် ထားချင်နေပီလား"
"သူငယ်ချင်းပါဆိုဗျာ"
"သူငယ်ချင်းဆိုတာ ၂ယောက်ထဲ ရုပ်ရှင်အတူကြည့်မလား"
YOU ARE READING
ချိုမြိန်သောဥပါယ်(ချိုမြိန်သောဥပါယ်)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...