Ep2 Zawgyi

8.6K 168 0
                                    

ကျောင်း​ဆေးခန်းသို့ အရှုပ်ထုတ်အား ကုန်းပိုးသွားရသည်က မသက်သာလှ ​ကျောင်းမှဆရာမများက ​ဒေါ်​ဒေါ့်ကို ဖုန်းဆက်အ​​ကြောင်းကြား​ပေးကြသည် ​ကျွန်​တော်က​တော့ ခဏသာ နား၍ စာသင်သည့်အခန်းဆီသို့ ပြန်လာခဲ့သည်

အတန်းချိန် တစ်ချိန်ပြီး​သော် ​ဒေါ်​ဒေါ်သည် ကျွန်​တော်တို့အတန်းအ​ပေါက်ဝဆီသို့​ရောက်လာပြီး

"သားလွှား ​ဒေါ်​ဒေါ်က ညီ​လေးကို​ခေါ်သွားလိုက်မှာမို့ အတန်းပြီးရင် ကိုယ့်ဘာသာ ကားငှားပြီးပြန်လာခဲ့လိုက်​တော့​နော် ညီ​လေးကို​ဆေးခန်းသွားပြရအုံးမှာမို့"

ဒေါ်​ဒေါ်က ကျွန်​တော့်လက်ထဲ ၅၀၀၀ တန်တစ်ရွက် ထည့်​ပေးရင်း ထိုစကားဆိုသည် ကျွန်​တော်သည် အရှုပ်ထုတ်နဲ့ယှဉ်လျှင် အမြဲ​နောက်မှာသာ ကျန်ခဲ့ရသည် ကျွန်​တော်ဘာဖြစ်ဖြစ်ကိစ္စ မရှိ​သော်ငှား သူတစ်ခုခုဖြစ်လျှင်​တော့ ​ဒေါ်​ဒေါ်အပါအဝင် အခိုင်းအ​စေ​တွေကပါ ပြာ​နေတတ်သည် ထိုအ​ကြောင်း​တွေက ကျွန်​တော်သူ့အား တစ်စတစ်စ အမုန်းစကို ရှို့​ပေး​နေသလို

"ဟုတ် ဟုတ်ကဲ့ ​ဒေါ်​ဒေါ်"

"ဒါဆို ​ဒေါ်​ဒေါ် သွားပြီ​နော် ဂရုစိုက်ပြန်ခဲ့"

မေ​မေ မရှိ​တော့ ​​ဒေါ်​ဒေါ့်ကိုမှီခို ချင်ခဲ့ဖူးသည် သို့​သော်လည်း ကျွန်​တော်ဟာ ​ယောက်ျားတစ်​ယောက်​လေ ထိုကဲ့သို့​ပျော့ညံ့​နေတာသာ ​မေ​မေသိရင် စိတ်မ​ကောင်းဖြစ်မှာမလား ကျွန်​တော် တင်းမာဟန်​ဆောင်ရ​ပေမည် ကျွန်​တော့်ဘဝထဲ ထိုက​လေးသာမ​ရောက်လာရင် ကျွန်​တော့်ကို​ဒေါ်​ဒေါ်က ဂရုစိုက်မှာ​လေ ခု​တော့....
×××××××××××××××××××××××××××××××××××××
ကျွန်​တော် ပြန်လာ​သော်လည်း ကျွန်​တော့်ကိုဆီးကြိုမယ့်သူမရှိ ကျွန်​တော်​ဝေ့ဝဲကြည့်မိသည်ထိုက​လေးအခန်းထဲသို့သာ လူဝင်လူထွက်​ခေါက်တုံ့​ခေါက်ပြန်များလှသည် ကျွန်​တော်လဲ ကျွန်​တော့်အခန်းရှိသည့် အ​ပေါ်ထပ်သို့သာ ဦးတည်လိုက်သည်

ညအချိန်​ရောက်​သော် ညစာစားချိန်၌

"သားသား​လေး အတွက် ဆန်ပြုတ်ကျိုပြီးပြီလား မိမွန်"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now