Ep 18 Zawgyi

5.8K 105 2
                                    

ကိုကို့ကို ဗိုက်ဆာဆာနဲ့​စောင့်ရင်း အဆာ​ပြေ​အောင် ကြိုးစားအိပ်မိသည်

ကျွီ!!!

အလုပ်​တွေနဲ့မအားဘဲ တကယ်​မေ့​နေမိသည် အိမ်ကတစ်​ယောက်ကို သတိရမိတဲ့အချိန်က ၅ခွဲ​နေပြီ မထူး​တော့ အလုပ်ကပြန်မှ​ဆေးရယ် ဆန်ပြုတ်ရယ် တစ်ပါတည်းဝယ်ပြီး ပြန်လာမိသည်

အခန်းထဲဝင်​တော့ မီး​တောင်မထွန်းထားရ​သေးသည့် အခန်းငယ်​လေးထဲ ထိုက​လေး ဘယ်လို​နေ​နေပါလိမ့် သက်ပြင်း​မောပါ ကပ်ပါရင်း မီး​လေးဖွင့်လိုက်သည်

ချောက်!!

မီးဖွင့်သံ​ကြောင့်ထက် အလင်းစူးစူး​ကြောင့်ထင်ရဲ့ ရုတ်ချည်း ပိတ်ထားတဲ့မျက်လုံး​လေးကို ပွတ်လို့ ​မော့ကြည့်လာရင်း အိပ်ချင်မူးထူးအသံ​လေးဖြင့်

"အင်းးး ကိုကို"

"အလုပ်​တွေများသွားလို့ ​နောက်ကျသွားတယ် ဗိုက်ဆာ​နေ​ရော​ပေါ့ သက်သာလား"

လှုပ်မရဘူး ထင်ပါရဲ့ မနက်က ပုံစံ​လေးအတိုင်း အိပ်ရာ​လေးထဲမှာ ဘယ်​လောက်များအ​နေခက်​နေလိုက်မလဲ

"အင်း နည်းနည်း"

"ခဏ​လေး ဆန်ပြုတ်သွားထည့်​ပေးမယ်​နော်"

လှည့်ထွက်သွားသူအား အကျီအစ​လေးဆွဲလို့ တိုးလျလျ​ခေါ်မိသည်

"ကိုကို"

"အင်း ​ပြော"

ချက်ချင်းလှည့်လာပြီး ပြန်​ဖြေသူ​​ကြောင့် ကွက်​နေသည့်စိတ်​​လေးက ကြည်နူးမှု​လေး ဝင်ဖြည့်လို့ ပြည့်တင်းသွားရသည်

"ကျွန်​တော် မျက်နှာသစ်ချင်တယ်"

"အင်း ဟုတ်သားပဲ လာ"

စွေ့ခနဲ ​ပေါင်နှင့်​ကျော​လေးက မလို့ ချီပြီး ​ရေချိုးခန်းထဲ ​လှမ်းလာသည့်ကိုကို​ကြောင့် မကျ​အောင် အမြန်လည်ပင်း​လေးကို လက်ဖြင့်သိုင်းလိုက်ရသည်

ပြီး​နောက် ​ဘေစင် ခုံ​ပေါ်​ဖြေးညှင်းစွာချလို့ သွားတိုက်​ဆေးထည့်​ပေးရင်း

"ထိုင်လို့ရရဲ့လား ပြီးရင် ​ဆေးဝယ်လာတယ် လိမ်းတဲ့​ဆေး​ရော အဲ့​နေရာပါ လိမ်းရမယ်​​နော်"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now