ရင်ခွင်ထဲက ကောင်ကလေး မနေ့က အဆိုးလေးလုပ်ထားသည်မို့ ခုထိမနိုးသေး ကျွန်တော် ကိုယ်တိုင်လဲ အိပ်ရေးမဝသေးပါ ဒါပေမယ့် ရုံးကိုလှမ်းပြီး မလာကြောင်းပြောရမည်မို့ အိပ်ချင်ဇောထက် ရုံးတာဝန်က ပိုသည်လေ
Scheduleတွေကို ဖျက်ဖို့ အတွင်းရေးမှူးကို ဖုန်းဆက်ရမယ်ဆိုပေမယ့် လူက လှုပ်လို့မဖြစ် အကြောင်းကား လက်မောင်းပေါ် ခေါင်းအုံးပြီး ခပ်ကွေးကွေးအိပ်နေသော အဖြူကောင်လေးကြောင့်သာပင်
အပေါ်က စီးကြည့်ရသည်မို့ ခပ်ဖောင်းဖောင်းပါးလုံးလုံးလေးက နစ်ဝင်အောင် နမ်းပစ်ချင်စရာ အသည်းယားစရာလေး ထိုကလေးကို မုန်းတယ် တတွင်တွင်တွေးတောမိလာပေမယ့် အချိန်ကြာလာလေ သံယောဇဉ်ကတရစ်ရစ်တွယ်လာတာလား အချစ်တွေပဲပြည့်ကျက်လာသည်လား မရေရာပေမယ့် တစ်နေ့လောက်တောင် မမြင်ရဘဲ မနေနိုင်တော့တာအမှန် အဖြစ်အပျက်တစ်ခုကြောင့် ရင်ထဲက အဖြေကိုမရှာပါဘဲ တွေ့ခဲ့သော်ငှား အဆုံးသတ်အတွက် စိတ်ကို ပြင်ဆင်ဖို့နေနေသာသာ ပိုပိုတိုး၍ စွဲလန်းမှုမှာ ကျေကျေနပ်နပ် နစ်ဝင်လာသည်မို့ အခက်တွေ့ရပါဘိ
မျက်တောင်လေးတွေ တဆတ်ဆတ်တုန်လာပြီး မျက်ခွံလေးတွေလှုပ်လီလှုပ်လဲ့ဖြစ်လာသော ထိုကလေးဟာ နိုးထလာလေပြီ အရင်ကဆို ကိုယ့်ကိုမမိအောင် မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်မိမှာအမှန် အခုတော့ ရင်ဆိုင်ကြည့်ချင်သည် မျက်လုံးချင်းသေချာဆုံပြီး ချစ်တဲ့အကြောင်းတွေ သိစေချင်လာသည် ပိုရဲတင်းချင်မိလာသည် ချစ်မိသွားရင် အရှက်တရားတွေထက် ချစ်တာကို ပိုသိစေချင်မိလာသည်
မျက်လုံးလေးတွေ ဖြည်းညှင်းစွာ ပွင့်လာပြီး ကျွန်တော့်ကိုကြည့်လာတဲ့မျက်လုံးဝိုင်းဝိုင်းလေး ညက ရေဘောင်ဘင်တွေခတ်အောင် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ပြီး ထိုင်ထလုပ်နေတဲ့ ကလေးလေးကို သတိရပြီး အောက်ကကျွန်တော့်ကောင်က မနက်စောစော အလုပ်ပေးချင်နေသည်
နိုးနိုးချင်း ညက သူကိုယ်တိုင် အကဲစမ်းခဲ့တာတွေဟာ ကွက်ကွက်ကွင်းကွင်း မှတ်မိခြင်းများစွာ မူးချင်ယောင်ဆောင်ပြီး ကိုကို့ကို သိမ်းပိုက်လိုက်သည် တခြားသူနဲ့အတူရှိမည့်အစား သူနဲ့သာ အချိန်တွေ ကုန်ဆုံးစေချင်သည် နာကျင်ခြင်းသာယာခြင်းကို တလှည့်စီခံစားပြီး ကိုကို့စိတ်အာရုံများက သူ့ဆီသာဦးတည်စေချင်သည်မို့ ကိုကိုသူ့အပေါ် တမ်းတမ်းစွဲနိုင်မည့်နည်းလမ်းကိုသာ အရဲကိုးသုံးလိုက်သည်
![](https://img.wattpad.com/cover/294599059-288-k441021.jpg)
YOU ARE READING
ချိုမြိန်သောဥပါယ်(ချိုမြိန်သောဥပါယ်)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...