ကျွန်တော်က အိမ်ထောင်သည်မှန်း အခင်ဆုံးသူငယ်ချင်းဖြစ်သည့် သားငယ်သာ သိသည် ခုရက်ပိုင်း ခင်မင်သူ ထပ်တိုး ၂ယောက်ကတော့ မသိသေး ခင်မင်မှုက အစမို့ သူ့အကြောင်းစီကာပတ်ကုံး ပြောမထားချင်သည်ကလည်း တစ်ကြောင်းပါပေမည် သားငယ်ကတော့မတူ သူငယ်ငယ်လေးကတည်းက ခင်မင်တာမို့ တစ်ယောက်အိမ်အကြောင်းတောင် တစ်ယောက်သိသည်အထိ
သူက တွေဝေဝေလေးဖြစ်နေတာက တစ်ကြောင်း ကားတံခါးဖွင့်ဖို့ တန့်နေတာက သိသိသာသာမို့
"ကျစ်!! မင်းက လူပျိုလေးလို ကျောင်းမှာဟန်ရေးပြနေလို့ ဒီလောက်တွန့်နေရတာလား"
ကိုကိုက ကျွန်တော့်ရဲ့ရပ်တန့်နေမှုကို အကဲခတ်ရင်းအပြစ်ဆိုသည်
"ငါ့ကိုရုတ်ရုတ်လာမလုပ်နဲ့နော် မနေ့က ဘာကြောင့် ကျောင်းမလာဖြစ်တာပါ မင်းသူငယ်ချင်းတွေအသေးစိတ်သိသွားမယ် ဘာမှတ်နေလဲ"
ကိုကိုက ဒေါသကကြီးကြီး ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သူမို့ ပိုလန့်ရပါသည်
*အင်း သားငယ်နဲ့ပဲတွေ့ပြီး မိတ်ဆက်ပေးရမယ် ဟို၂ယောက်မရောက်လာသေးရင်ကောင်းမယ်*
ကားပေါ်က ဆင်းဆင်းချင်း ရှေ့ကိုရှေးရှုကြည့်တော့ သားငယ်ရဲ့တစ်ဖက်တစ်ချက်စီမှာဟိုနှစ်ယောက်က ရယ်ရယ်မောမော ကျွန်တော့်ကိုလဲ တန်းတွေ့သွားသည်မို့ အပြေးလေး လှမ်းလာကြသည်
*သေလိုက်ပါတော့ အရင်က နောက်ကျနေကျနှစ်ကောင်က ဒီနေ့မှကြားသားမိုးကြိုး စောစောကြွချီလာတယ်*(စိတ်ထဲ၌သာ ခပ်ကြိတ်ကြိတ်ပြောမိပါသည်)
"ရွန်းဝေလ ဘယ်လိုဖြစ်တာလဲ ဟိုနေ့က.."
သားငယ် ပြောရင်းတန့်သွားသည့်အကြောင်းမူကား ကားတစ်ဖက်တံခါးမှဆင်းလာသည့် လူသားကြောင့်သာ
သားငယ်က မျက်နှာရိပ်နဲ့မေးငေါ့မေးပေမယ့် ကျွန်တော့်မှာတကယ်အခက်တွေ့
ကိုကိုက တစ်မဟုတ်ချင်း ကျွန်တော့်နဘေးရပ်လို့ ပုခုံးလေး လှမ်းဖက်လိုက်သည်မို့ ကျွန်တော်ပင်ကြောင်ငေးကာ မေ့ကြည့်မိလျက်သား
![](https://img.wattpad.com/cover/294599059-288-k441021.jpg)
YOU ARE READING
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...