(Warning‼️ အရွယ်နှင့်မသင့်လျော်သည့်ကလေးများ မဖတ်ရန်နှင့် အသက်မပြည့်သည့်ကလေးများ ဝင်ရောက် ဖတ်ရှုရန်မသင့်)
"သားတို့ ပစ္စည်းတွေစုံပြီလား"
"ဟုတ်စုံပြီတီတီလေး"
"အေး စိတ်အေးလက်အေးနေကြ သားလွှားလဲအလုပ်နားတုန်း အားရပါးရအနားယူခဲ့နော် လမ်းတစ်လျှောက်တစ်ယောက်တည်းမောင်းရတာ ပင်ပန်းရင် ဟိုတယ်မှာဝင်နားနော် သားလွှား"
"ဟုတ်ကဲ့ဒေါ်ဒေါ်"
ကိုကိုက အဝတ်အိတ်တွေကားပေါ်တင်ရင်း ပြန်ဖြေသည် အဝတ်ထည့်တုန်းကတော့ ကျွန်တော်ပေါ့ ကိုကိုက အရင်ထက်အခုပိုလန်းဆန်းသည့်ပုံဝတ်ထားသည် ဒူးအထက်ဘောင်းဘီအညိုလေးနဲ့ T shirtအဖြူ ကိုကိုက ခန္ဓာကိုယ်တောင့်သည်မို့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့သိပ်ကြည့်ကောင်းတာပဲ အသားကညိုတဲ့ဘက်နည်းနည်းသာကူးတော့ ကိုယ့်ယောက်ျားမို့ပြောတာမဟုတ် modelလိုပဲ သိပ်ဆွဲဆောင်မှုရှိနေတာ ကျွန်တော်ကတော့ ကိုကို့လို ဘောင်းဘီအကျီအရောင်တူ ကျွန်တော်ကအသားဖြူတာမို့ အတွင်းသားဖြူဖြူမြင်ကိုမှာစိုးလို့ ကိုကိုကဘောင်းဘီရှည်ဝတ်ခိုင်းသည်
တီတီလေးတို့ကို နှုတ်ဆက်ပြီးကျွန်တော်တို့ပြင်ဦးလွင်ကို ခရီးစထွက်သည် အတွေးထဲမှာတော့ တွတ်တီးတွတ်တာပြောရင်းသွားမယ်တွေးပေမယ့် ခုကိုကို့ကို ငေးနေတာနဲ့ပဲ စကားကမထွက်လာ
"ငယ် ငယ့်ယောက်ျားက သိပ်ကြည့်ကောင်းနေလား"
"အင်း"
"ဟင်"
"ဟုတ်တယ် ငယ့်ချစ်လင်ကို ကြည့်မဝဘူး"
ငယ့်စကားတွေကြောင့် ကျွန်တော်ပင် အံ့သြသွားရ စနောက်သူကသူ ပြန်ပြီးအတည်လိုလိုစနောက်ပြန်ခံလိုက်ရသူကလည်း သူပါပင်
"ဟား ငယ်ကကွာ"
ကိုယ့်မှာတော့အရှက်ပြေ ငယ့်ဆံပင်လေးတွေကို ကားမောင်းရင်းလှမ်းဖွရသည်
ငယ်ကတော့ ကျွန်တော့်ကို ဆက်ငေးလျက်
"ကိုကို ဘာစားချင်လဲ"
![](https://img.wattpad.com/cover/294599059-288-k441021.jpg)
YOU ARE READING
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...