"ငယ် မနက်ဖြန်စာမေးပွဲသွားဖြေမှာဆိုတော့ ကိုကိုလိုက်ပို့မယ် ပြီးရင် ကိုကို အလုပ်ဝင်လိုက်မယ် ညနေလာခေါ်မယ်လေနော်"
"ဟုတ်ကိုကို"
"စာတွေရောနေတယ်အခုခေါင်းထဲမှာ"
စာအုပ်ကိုင်ပြီးငိုမဲ့မဲ့ ဖြစ်နေသောကလေးအား ဆံသားလေးများကို ခပ်ဖွဖွပွတ်ပေးရင်း
"ရသွားမှာပါ ငယ်ရယ် စိတ်အေးအေးထားနော်"
"ကိုကိုမှမဖြေရပဲ အဲ့လိုပြောနိုင်မှာပေါ့"
"အော်ဟော် သူစာမရတိုင်း ပတ်ရမ်းပြန်ပြီ ကောင်ဆိုးလေး"
မျက်စောင်းတောင်ခဲလိုက်သေးတာ ကျွန်တော့်ကို တကယ့်ရစ်စိန်လေးပါပဲ
တီတီ!!
"ဟယ်လို ကြည်နူးပြော"
"ဆရာ အရေးကြီးကိစ္စပေါ်လာလို့ အခု ဦးတည်မြဲ ဆရာ့ကိုတွေ့ချင်တယ်ဆိုပြီး ဝုန်းဒိုင်းကြဲနေလို့ဆရာ"
"Ok ငါအခုထွက်လာမယ်"
"ငယ် ကိုကို အလုပ်မှာအရေးကြီးကိစ္စပေါ်လာလို့ ကိုကိုအပြန်ရေခဲမုန့်ဝယ်လာမယ်နော် ငယ်လေး"
ရွှတ်
ပါးဖောင်းဖောင်းလေးကို ဖြတ်ခနဲ နမ်းပြီး ထွက်ခံနီး ငယ်လေးက ထိုင်နေရာမှအလျင်စလိုထ၍
ကျွန်တော့် လည်ပင်းပေါ်လက်ချိတ်ပြီး နှုတ်ခမ်းကိုပြွတ်ခနဲနမ်းခြင်းအမှုကိုပြုသည်
"အားဖြည့်ပေးတာ ချောကလတ်ပါဝယ်ခဲ့ပေးနော်"
ဒီရက်ပိုင်းကိုကိုက သူ့နားအနေများတာမို့ အလုပ်သွားတာတောင် သိပ်မကြိုက်ချင်တော့ ကိုကိုအရင်ကထက် သူ့အပေါ်နူးနူးညံ့ညံ့ဆက်ဆံလာပြီး အခြားလူတစ်ယောက်လို ပြောင်းလဲလာခြင်းကို သူအတိုင်းမသိ ပျော်ရပါ၏ တစ်ဖက်မှာလည်း မသိစိတ်၏စိုးရိမ်မှုက ဘာကြောင့်များပါလိမ့်
"ဒါဆို ကိုကို သွားပြီ အကုန်ဝယ်လာမယ်နော်ငယ်"
×××× ×××××× ××××××× ××××× ××××××××××××
"မာန်ထက်လွှားဘယ်မှာလဲ ထွက်လာစမ်း ခုတော့မဟုတ်တာလုပ်ပြီးရှောင်နေတာလား"
YOU ARE READING
ချိုမြိန်သောဥပါယ်(ချိုမြိန်သောဥပါယ်)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...