အမျိုးမျိုးပြောနိုင်သူကြီး မနေ့ညက သူ့ဒေါသကြောင့် ထမင်းတောင်မစားရဘူး ဟုတ်တယ် ငါငြင်းတာမမှားပေမယ့် ငါပဲဒုက္ခခံရမှာပဲလေ ဘယ်တတ်နိုင်မလဲ
"အဟွန်း!! ငါက ပိုသက်သာတာပေါ့"
ကိုယ့်အတွေးကိုပဲ ကိုကိုသိနေသလားမသိပါ ကိုယ်ကြားအောင် လှောင်ပြောင်စကားကို မကျယ့်တကျယ်ပြောတာက အခန်းတံခါး အပြင်ရောက်ခံနီးကိုယ်က အတိုင်းသားကြားလိုက်ရသည်
မုန်းဖို့သိပ်ကောင်းအောင် ကိုယ့်စကားကို ငြင်းလိုက်သူကြောင့် မခံချိမခံသာဖြစ်ရသည်က သိသိသာသာ ငါ့ကိုများသူကငြင်းရဲသေး နောက်လာတောင်းဆိုရဲတောင်းဆိုကြည့် ကလေးကများ လူကိုပြန်ဟစ်ချင်နေတာ
× × ×
ဒီနေ့မှ အောင့်သီးအောင့်သက်ဖြင့် အလုပ်ကို အာရုံမစိုက်နိုင်ပဲ စိတ်လေးနေမိတာက ဘာအကြောင်းတရားကြောင့်လဲမသိထိုအချိန်အတွေးစ ပြတ်တောက်သွားရတာက တံခါးခေါက်သံနှင့်အတူ ပွင့်လာသည့် တံခါးကြောင့်
"ကိုလွှားဒီနေ့ clientတစ်ယောက်က တို့တွေကြောင့် သူ့အလုပ်အောင်မြင်တာမို့ ဧည့်ခံချင်ကြောင်း ဆက်သွယ်လာပါတယ်"
"ဘယ်သူတုန်း"
"ဦးမြဲသာလေ"
"သူဆိုရင်တော့ မသွားလို့မရဘူး ဘယ်အချိန်လဲ ကြည်နူး"
ကြည်နူးဆိုတာကတော့ ကိုယ့်အလုပ်မှာ ကိုယ့်အနွံတာခံ ကိုယ့်အလုပ်ကို အသေးစိတ်ဂရုစိုက်ပေးတဲ့ အတွင်းရေးမှူး တစ်ဖုံ သူငယ်ချင်းနီးနီး ရင်းနှီးသူ ကိုယ့်လို အလုပ်အပေါ် အတိမ်းအစောင်းနည်းနည်းမှ မခံတတ်တဲ့ အပြင် အလုပ်ကိုမပြီးပြီးသည်အထိ အစွမ်းကုန်လုပ်သူကို သည်းခံနိုင်သူဟာ သူပဲရှိလိမ့်မည်
"ညနေ ၆နာရီပါ ကိုလွှား အခန်းသီးသန့်လဲဖြစ်တာမို့ ကိုလွှားအတွက် ပိုသက်သောင့်သက်သာ ဖြစ်စေမှာပါ"
"ကိုယ်တို့ အလုပ်ပြီးရင် တန်းသွားကြတာပေါ့"
"ကြည်နူး စီစဥ်လိုက်ပါ့မယ်"
× × ×
အလုပ်သမားတွေလဲ အလုပ်ဆင်းပြီမို့ ကိုယ်ချိန်းထားသည့်နေရာအား ကြည်နူးနှင့်အတူ လာခဲ့လိုက်သည် အခန်းဆီလဲအသင့် လာခေါ်ပေးသော ဧည့်ကြိုရှိသည်မို့ အဆင်သင့်လှသည် အခန်းက စားသောက်ဆိုင်ရဲ့ အနောက်ဘက်ခြမ်း သက်သောင့်သက်သာဖြစ်အောင် အခန်း ကြမ်းပြင်၌သာ ထိုင်ရသည့် ပုံစံ အပြင်ကိုပြတင်းပေါက်မှ ငေးကြည့်လျှင်လည်း မြစ်ချောင်းလေးပေါ်၌ တံတားအသေးလေးနှင့် အပင်အုပ်အုပ်ကလေးများဖြင့် တိတ်ဆိတ်ငြိမ်းအေးသည့် ရပ်ဝန်းလေး
YOU ARE READING
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...