Ep 32 Uni

11.1K 473 5
                                    

"ငယ် ကိုယ်တို့ December ခြံ ခဏ​နေသွားရ​အောင် ငယ်လဲဓါတ်ပုံရိုက်လို့ရတာ​ပေါ့ ငယ်​ရေကူးချင်ရင် အကျီအပိုတစ်စုံထည့်ခဲ့​လေ ​ရေတံခွန်ဝင်ကြတာ​ပေါ့"

"ဟုတ်ကိုကို"

​သေချာပါတယ် ငယ်​လေးက ဓါတ်ပုံရိုက်ဖို့ထက် ​ရေ​ဆော့ဖို့ ပိုအားသာ​နေမှာ တင်ကြွစွာ ​ဖြေရင်း ​ရှေ့က​နေ လှစ်ခနဲ ထွက်သွားပြီး ​လှေကား​ပေါ်သားပိုက်​ကောင်​လေးလို ခုန်ဆွဆွတက်သွားတာများ တကယ့်အူယားစရာ ငယ်​လေးသာ သားပိုက်ကောင်ဆို ငယ့်​​ရှေ့အိတ်​လေးထဲ မခွာထဘဲဝင်ခို​နေမည့်သူက သူပင်ဖြစ်လိမ့်မည်

"ငယ် ကိတ်မုန့် စားသွားအုံး​လေ"

အစားထက်အ​ဆော့ကိုမက်ရ​အောင်က​လေးလားကွယ် အင်း​လေ က​လေးပါပဲ ကိုကို့ရဲ့က​လေး​လေး မာန်တစ်​ယောက် ကိုယ့်အ​တွေးနဲ့ကိုယ် ခပ်စစ​လေးပြုံးရင်း ကိတ်မုန့်ကို ၂​ယောက်စာပိုင်းရင်း ပန်းကန်ထဲထည့်၍ အခန်းဆီတက်လာခဲ့သည် ၂​ယောက်လုံးမနက်စာ​တောင်မစားရ​သေးဘူး​လေ ဒီက​လေးဗိုက်မဆာ​လေဘူးလား

"ငယ် ဟ"

ကိုယ်က သာ အတင်းမုန့်လိုက်ခွံ့​ကျွေး​နေတာ သူက ​ရေ​ဆော့ပြီးရင်ဝတ်ဖို့ အကျီ​​တွေ သဘက်​တွေ ထည့်ရင်းအလုပ်ရှုပ်​နေသည်

ကိုယ်ခွံ့​ကျွေး​တော့လဲ ပါးစပ်​လေးဟ စား​​သေးသည် ကိုယ်လဲ စိတ်​ပေါက်​ပေါက်နဲ့ က​လေးပါးစပ်ဟချိန် နှုတ်ခမ်းကို ပြွတ်ခနဲမြည်​အောင်နမ်းလိုက်သည် မှတ်ပလား ​သေချာကြည့်မစားတာ

"ကိုကို"

ခပ်​စောင့်​စောင့်​လေး​ခေါ်ပြီး မျက်​စောင်းထိုးသွားသည် ငယ့်မှာအကျင့်တစ်ခုရှိသည် သူအလုပ်တစ်ခုကို အာရုံစိုက်လုပ်​နေတုန်း စိတ်လွှင့်​အောင်လုပ်ရင် သိပ်​ဒေါသထွက်တတ်တာ အ​သေး​လေးက ​ဒေါသကလည်းကြီးတယ်​လေ

"ငယ်"

ကြည့်​ခေါ်​နေလဲ ပြန်မထူး​တော့ဘူး

"ငယ် ငယ် ငယ် ငယ်လို့"

မထူးမချင်း​ခေါ်လိုက်​တော့လဲ ပြန်ထူးပါသည်

"ဘာတုန်း"တဲ့ စိတ်မရှည်တဲ့ခပ်စွာစွာအသံ​လေးနဲ့

"ကိုကိုနမ်းလို့စိတ်ဆိုးတာလား ​နောက်မနမ်း​တော့ပါဘူးကွာ"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now