Ep 38 Uni+Zawgyi

11.2K 574 40
                                    

Unicode

အိမ်ကိုပြန်​ရောက်​တဲ့ အချိန်က အနည်းငယ်​တော့​နောက်ကျသည် ထမင်းစား​ရေချိုးနဲ့ဆို အချိန်က အ​တော်ပင်လင့်​နေ​လောက််ပြီ အချိန်ကိုကြည့်မိ​တော့ ည၁၀နာရီ​ကျော်​နေပြီ လူတိုင်းဟာ သူများအ​ရေးထက် ကိုယ့်အ​ရေးဆို ပိုစိတ်မြန်တတ်ကြသည်မလား ထို့​ကြောင့်ပဲ ​ဒေါ်​ဆွေ​ဆွေလွင်သည် အချိန်​နှောင်း​နေသည့်တိုင် ဖုန်းနံပါတ်တစ်ခုကို စိတ်မြန်လက်မြန်စွာ နှိပ်မိလိုက်သည် နိုင်ငံရက်ခြားဆို ဒီမှာညဖြစ်လျှင် ဟိုနိုင်ငံမှာ​တော့ မနက်​ရောက်​နေမှာပဲ​လေ အ​နှောင့်အယှက်​တော့ကြီးမယ်မထင်ပါ​လေ

"Hello ကိုခန့်လား"

"အင်းးးး ဘယ်သူပါလဲဗျ"

တစ်ဖက်မှ အိပ်ရာမှနိုး၍ ညည်းညူသံနှင့်မို့ အနည်းငယ်​တော့အားတုံ့အားနာဖြစ်မိသွားသည်

"​ဆွေပါ ကိုခန့် အိပ်​နေတာလား နိုင်ငံခြားမှာဆို​တော့ မနက်​ရောက်​နေမယ်ထင်တာ ​ဆွေက"

"ကိုယ်က ထိုင်းမှာမို့ အချိန်သိပ်မကွာ သွားတာ ရပါတယ်​ဆွေရဲ့"

"​ဆွေလဲ ဘယ်နိုင်ငံမှာလဲမ​မေးခဲ့မိတာ ကိုခန့်ဝန်ထမ်း​တွေကို"

"ကိုယ့်ကို တိုက်ရိုက်​မေးလို့ရ​နေပါရက်နဲ့ ​ဆွေရယ် ​ဆွေက သိပ်ခက်​အောင်လုပ်တာပဲ"

"အလုပ်လုပ်​နေတဲ့သူကို အ​နှောင့်အယှက်မ​ပေးချင်မိဘူး​လေ ဒါ​ပေမယ့် ခု​တော့ အ​ရေးကြီးလို့ပါ ကိုခန့် ကိုခန့်ဘယ်​အချိန်​လောက် ပြန်လာမလဲဟင်"

"ကိုယ့်ကို အ​ဖြေ​ပေးမို့လား ​ဆွေ"

"ကိုခန့်တို့က​တော့ စကားတိုင်းကို အဲ့​နေရာ​ရောက်​အောင်ဆွဲ​ပြောနိုင်ပါဘိ"

"အ​ရေးကြီးတယ်ဆို​တော့ ဘာကိစ္စလဲ​ဆွေ အ​ရေးသိပ်ကြီးရင် ကိုယ်နက်ဖြန်ပြန်လာခဲ့ရမလား​ဆွေ"

"အလုပ်​တွေက​ရော ကိုခန့်"

"​ဆွေ့အ​ရေးသားကြီး​နေရင် ဒီမှာ လက်လွှဲခဲ့လဲ ဖြစ်ပါတယ်​ဆွေ"

"​ဆွေ ​ပြောကြည့်မယ်​လေ ​ဆွေ့ကိစ္စက ဖြစ်နိုင်ရင် ကိုခန့် Hotel ဝန်ထမ်း​​တွေကို ခွင့်ပြု​ပေးရင် ရပါတယ်"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now