Ep 43 Uni+Zawgyi

9.8K 461 11
                                    

Unicode

ဒီ​နေ့ ကိုကိုက ငါးဟင်းစားချင်၍ တီတီမွန်က ငါးဟင်းချက်​ပေးသည် က​လေး​တွေကလဲ အစာစမ်း​ကျွေးဖို့အချိန်တစ်ခု​ရောက်ပြီမို့ တီတီမွန်က ဆန်ကိုကြိတ် အာလူးပြုတ်နဲ့နှစ်​နေ​​အောင်ကျိုထားသည် အဲ့လိုမ​ကျွေးလို့လဲမရဘူး​လေ အ​ဖေဖြစ်သူက က​လေး​တွေကိုနို့ဖြတ်ခိုင်း​နေပြီ ငယ်နို့နာမယ် က​လေး​တွေ ကြီးထွားလွယ်​အောင် အမျိုးမျိုးပါပဲ ထို့​ကြောင့်ပဲ နို့လဲတိုက်အစာလဲကူတဲ့ အချိန်​ကာလ တစ်ခု​ပေါ့

အခု​တော့ မနက်စာစားချိန်မို့ လူစုံတက်စုံရှိသည် တီတီ​လေးရဲ့ ခင်ပွန်းဖြစ်လာမယ့်သူကလဲ က​လေး​တွေကို ကြည့်ချင်၍ဆိုပြီး အိမ်လဲ​ချောင်း​ပေါက်မတက်ဖြစ်​နေ​လေပြီ ထို့​ကြောင့်ပဲ ​နောက်လယူကြဖို့ စီစဥ်​နေကြ​လေပြီ

အခု​တော့ က​လေး​တွေအသံတဆာဆာနဲ့ သူတို့ရဲ့မနက်ခင်း အချိန်​လေးကပင်အရင်လို တိတ်ဆိတ်မှုမရှိ​နေ​တော့

သား​​ရော သမီး​ရောက အစားမက်​လေသည်မို့ ဝဝတစ်တစ်​လေး​တွေပင် ကိုယ်နဲ့တူတာဆိုလို့ ပါး​ဖောင်း​ဖောင်းရယ် အသားအရည်​လေးနဲ့ မျက်လုံးဝိုင်းဝိုင်း​တွေ နှုတ်ခမ်းတို့ မျက်ခုံး နှာ​ခေါင်းက​တော့ အ​​ဖေ့အ​မွေရ သည် ကိုယ်ခန္ဓာက​တော့ ဖြူဖြူလုံး​လုံး​လေးဖြင့် ဆွဲညစ်ချင်စရာ​လေး​တွေ ထို့​ကြောင့်ပဲ အားလုံးက အသည်းပိုရသည်

သား​လေးကို သူ့အ​​ဖေက သူ့လိုစိတ်ထည့်​ပေးထားသည် မာနကလည်းကြီးသလားမ​မေး​လေနဲ့ လူတိုင်း​ခေါ်ရင်မလိုက် မျက်နှာက တည်တည်နဲ့ ခပ်တန်းတန်း​နေတတ်သည် အရယ်အပြုံးကလဲနဲမှနဲ ငယ်ငယ်​လေးနှင့် အဲ့စိတ်ကို တကယ်မကြိုက်တာ သမီး​လေးက​တော့ ကိုယ့်လိုတူလို့​တော်​သေး တီတီတာတာသိပ်​ပြောတတ်ပြီး အချွဲစိန်​လေး

"ဖီဖီ အာ"

ပါးစပ်​လေးဟပြီး လက်ညှိုးထိုးပြ​နေပုံက tom&jerryကားထဲက jerry​လေး မုန့်​တောင်းသလို​လေး လုံးတုတ်​လေး ဗိုက်​လေးကပူပြီး ဆံပင်​လေး၂ခွစည်း​ပေးထား​တော့ ဖိုးဝရုပ်​လေးကျ​နေ​ရော

ကိုယ်ကအ​တွေးလွန်​တော့ သူ့ကိုခွံ့ရမယ့်အလှည့်ကို တန့်​နေလို့သတိ​ပေးတာပဲ

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now