Ep8 Uni+Zawgyi

18.1K 887 31
                                    

Unicode

အိမ်​ရောက်​တော့ အ​ပေါ်ထပ်ကိုသာ တန်းတက်ခဲ့​တော့သည် ​တီတီ​လေးက ဒီ​နေ့မနက်ကပင် တရားစခန်းဝင်သွားသည်မို့ ​အိမ်ပြန်​နောက်ကျလဲ​ကြောက်ရွံ့စရာဘယ်သူမှမရှိ ကိုကိုက​တော့ ကိုယ့်ကိုသိပ်လည်းဂရုမစိုက်သလို ​အ​ကြောင်းစုံ မြင်သွားပြီး​တော့​စိတ်ပေါ့သည်​လေ

လူ​တွေရဲ့အကျင့်ကလဲ လိမ်​နေတုန်းသာ လိပ်ပြာမလုံသာ သိသွားရင်​အေးတာမှန်းအခုမှသိ​တော့တယ်

တံခါးကိုဆွဲအဖွင့်

"ပုကျူ့!!"

တံခါးမျက်နှာချင်းဆိုင်မှ ဗီဒိုကိုမှီရင်း ကျွန်​တော့်အား ရပ်​စောင့်​နေသည့်သူ​ကြောင့် လန့်ဖြန့်​တောင်သွားရသည် ကိုကို့အကြည့်​ကစားမတတ်ဝါးမတတ်နဲ့ မျက်လုံး​တွေကလဲနီရဲလို့ *ဟမ် သူမူး​နေတာလား ​ခေါင်ရည်​လေး​သောက်ရုံနဲ့​လေ* ​တွေးမိ​တော့ ​ကြောက်စိတ်ထက်ရယ်ချင်စိတ်က ပိုသည်မို့ ကျွန်​တော့်မျက်နှာက ပြီတီတီဖြစ်သွားရ

"သိသွား​တော့ အရင်​နေ့ကထက်​တောင် ​နောက်ကျ​နေပါလား"

ကိုကို့အသံက ဟိန်းထွက်သွားတာမို့ လူပါ ဆတ်ခနဲတုန်သွားရသည့် အဖြစ်

"......"

"မင်း​တော်​တော်အကျင့်ပျက်​နေပါလား ဟမ်"

ရုတ်တရက်ကျွန်​တော့်လက်ကို​စောင့်ဆွဲကာ ကိုကိုနှင့်ဗီဒိုကြားကို ချက်ချင်းညှပ်သွားရသည့်မိမိအဖြစ် ကိုကိုက ကျွန်​တော့်ကို အုပ်မိုးရင်း လက်ကလဲ ဗီဒိုကို​ထောက်ထား​သော်ငှား မျက်နှာ၂ခုကအတိုင်းအတာတစ်ခုထိ ကပ်လုနီနီး

ကျွန်​တော်ဘာဖြစ်​နေမှန်း မသိ ပြန်ခံနီး သူ့ဆိုင်ရှင်ဟု ကိုခိုင်မြဲ​ပြော​သော သူနှင့် ဒီက​လေးဟက်ဟက်ပက်ပက်ရယ်​နေတာများ ပါးချိုင့်​လေး​တွေခွက်ဝင်ရုံမက မ​နီး​မ​ဝေးက ကျွန်​တော်ပင်​ငေး​မောရ​လောက်သည့် သွားတက်​​လေး​တွေနဲ့ ကလူ​နေတာများ ဒီက​လေး လူတိုင်းကို အဲ့လိုပုံစံဖြင့် မြူဆွယ်​နေ၍ ပိုမုန်းရသည် ကျွန်​တော့်​ရှေ့မှာ​တောင် မပြုံးဖူးသည့်လူက တခြားသူ​ရှေ့ကျ

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now