Ep 17 Uni+Zawgyi

14.5K 751 24
                                    

Unicode

"ငါဒီ​နေ့​စော​စောပြန်လာမယ် မ​နေ့ကမင်းကငါ့ကို ပြုစုထား​တော့ မင်းကိုငါက ဒီ​နေ့ပြုစု​ပေးရမှာ​ပေါ့"

"ဟင်"

"​နေမ​ကောင်းတာကို ​ပြောတာ ​လျှောက်​တွေးမ​နေနဲ့ ​အောက်ပိုင်းက​တောင်လှုပ်မရတာကို အ​တွေး​တွေက ​ချော်ရဲ​သေးတယ်"

"ကိုကို ​​ပြောတာကိုက "

"အင်း စကားအ​နေနဲ့လဲ အရသာရှိတယ်​လေ ဟားဟား"

ကိုကိုက စိတ်လိုလက်ရရယ်​တော့လဲ နှုတ်ခမ်း​ထောင့်​​လေးများ အဝိုက်​သေး​သေး​လေးက အထင်သားမို့ ကျွန်​တော်​တောင်​​ငေးခနဲဖြစ်သွားရ ကျွန်​တော်​​ငေး​နေတာ ရိပ်စားမိ​တော့ ချက်ချင်း အရယ်ရပ်ကာ အရှိန်သပ် ​ချောင်းဟန့်လိုက်သည်

"အဟမ်း အဲ့​တော့ မထနိုင်ရင် ​စောင့်​နေ ငါအစည်းအ​​ဝေးပြီးရင်ပြန်လာမယ်"

ကိုကို့စကားကိုသာ ​ခေါင်းငြိမ့်​ထောက်ခံလိုက်သည် တကယ်လဲ လှုပ်မှမလှုပ်နိုင်ပဲကို

မချစ်ဘူးဆိုတဲ့ကိုကိုရဲ့ ဂရုစိုက်မှုအနည်းငယ်​တောင် အမိအရ ဖမ်းဆုပ်ထားချင်မိ​သေးသည် ကိုကိုက သူဒီလို​တွေ​ပေးမှ ဂရုစိုက်မယ်ဆိုရင် အ​သွေးအသားအကုန်ကို ရက်ရက်​ရော​ရော ​ပေးပစ်မည် ခံနိုင်ရည်ရှိသ​လောက်အစွမ်းကုန်သာ

ကိုကိုက သူဒီလို​တွေ ​ပေး​နေ​လို့ ပြန်ဖြည့်ဆည်း​ပေး​နေတာကိုလဲ သူရိပ်မိပါသည် သူ့ကို ကိုကိုက ဒီလိုစိတ်ဆန္ဒပြီး​မြောက်​အောင် စွမ်း​ဆောင်နိုင်လို့ လိုက်​လျော​နေတာကိုလဲ သူရိပ်စားမိတာမို့ ကိုကို့ ဂရုစိုက်မှုကို အစွမ်းကုန်ရဖို့ သူအစွမ်းကုန်​ပေးနိုင်သ​လောက်​ပေးမည်ဟုဆုံးဖြတ်မိသည်

"ကိုကို"

အပြင်ထွက်ခံနီး ကိုကို့ကို မျက်ဝန်း​တွေထဲ ​သေချာစူးစိုက်ကြည့်၍

"ဟင်"

"​စောင့်​နေမယ်​နော်"

"အင်း အင်း"

အလျင်စလို ထွက်သွားသည့် ကိုကိုက သူ့စကားကို သမာန်ကာလျှံကာ တုံ့ပြန်လို့သာ
×××××× ××××××××× ×××××××××××××× ×××××××
"ဆရာ ဒီ​နေ့ ပြသနာအကြီးအကျယ် တက်​နေပါတယ် ​ရောက်မယ့်ပစ္စည်း​တွေ ​နောက်လထဲမှ​ရောက်မယ်လို့ အ​ကြောင်းလှမ်းကြားတယ်ဆရာ"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now