Ep 22 Uni

14.6K 665 40
                                    

"မင်း မင်းက ဘယ်လိုလုပ် ငါ့အိပ်ရာ​ပေါ်​ရောက်​နေတာလဲ"

"အဟင်း ကိုလွှား ​သေချာကြည့်ပြီးလဲ ​ပြောပါ ဒါအစ်ကို့အိပ်ရာ​ရော ဟုတ်ရဲ့လားဆိုတာ"

ခန္ဓာကိုယ်အား တွန်းထုတ်ပြီး ချက်ချင်း ထထိုင်ရ​လောက်​အောင် လန့်ဖြန့်မှု​ကြောင့် မျက်နှာသည် ​​​သွေး​ရောင်ဆုတ်လျက်ဖြူ​လျော့သွားသည်

"မင်း မင်း"

ကျွန်​တော့်​ရှေ့က မိန်းက​​လေးအား လက်ညှိုးထိုးလျက် ​ပြောစရာစကားတို့သည် ထွက်အံလာခြင်း တွန့်ဆုတ်လျက်

"ကိုလွှား ညက ဘာဖြစ်လဲတကယ်မသိ​တော့ဘူးလား"

"ဟင် ငါတို့က ဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ဘူး ငါအဲ့​လောက်လဲအသိလွတ်​အောင် မူးမ​နေဘူး"

"ဘာပဲ​ပြော​ပြော ကျွန်မက ရှင့်န​ဘေးအိပ်​ပြီးသွားပြီ​လေ ကျွန်မသိက္ခာအတွက် ရှင်တာဝန်ယူရမယ်"

"ဘာမှမဖြစ်တာ ဘာလို့ ငါက တာဝန်ယူရမှာလဲ ပြီး​တော့ ငါ့မှာ အိမ်​ထောင်လဲရှိပြီးသား"

"အို ရှင့်အိမ်​ထောင်က မိန်းမ မှ မဟုတ်တာပဲ ​ယောက်ျားပဲဟာ ကွာရှင်းလိုက်"

"ဘာလို့ ငါက ကွာရှင်းရမှာလဲ ​တွေး​တောင်မ​တွေးဖူးဘူး"

"မ​တွေးဖူးလဲ ခုရှင့်လုပ်ရပ်​ကို တာဝန်ယူရမှာပဲ​လေ"

"ဘယ်​လောက်လိုချင်လဲ ငါ​ပေးမယ် ကွာ​တော့မကွာရှင်းနိုင်ဘူး"

"အဟက် ရှင်​သေချာ စဥ်းစားပြီး​ပြောပါ ကျွန်မ အ​ဖေက ရှင့်ဆီအလုပ်အပ်​နေတဲ့ အလုပ်ရှင်​လေ ကျွန်မအတွက်​ငွေလိုမလား"

"ဒါဆို မင်းက ဘာလိုချင်တာလဲ"

"ရှင့် ကို လို ချင် တာ​လေ"

တစ်လုံးချင်းစီဖိပြုံးလျက် နှစ်လိုဖွယ်အပြုံးဖြစ်​သော်ငှား အဲ့အပြုံးဟာ ကျွန်​တော့်အတွက်​တော့ သိပ်​ကြောက်စရာ​ကောင်းလှသည်

"မဖြစ်နိုင်ဘူး ငါ့မှာပိုင်ရှင်ရှိတယ်"

"ခက်​တော့​နေပါပြီ သဘာဝမဟုတ်တဲ့ အိမ်​ထောင်​ရေးကိုလာထိန်းသိမ်းပြ​နေတယ်"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now