Ep1(Uni)

83.5K 1.9K 9
                                    

"သားလွှား မင်းရဲ့ အ​ဒေါ်စကားကို နား​ထောင်​နော် မင်းရဲ့အ​ဒေါ်က အ​မေတို့ကို မင်းအ​ဖေဆုံးပြီးကတည်းက တာဝန်ယူ​ကျွေး​မွေးထားတာ​နော်"

"ဟုတ်ကဲ့​မေ​မေ"

"ဒါဆို​မေ​မေ အလုပ်သွား​တော့မယ် လိမ်လိမ်မာမာ​နေ​နော်"

မာန်ထက်လွှားရဲ့ဘဝက ထူးခြားသည်ပဲ ဆိုရ​ပေမလား သူ​နေရသည်က​တော့ အိမ်ကြီးအိမ်​ကောင်းတစ်ခုမှာ ​နေထိုင်ရ​သော်လည်း တခြားက​လေးများကဲ့သို့ လို​လေ​သေးမရှိ ​နေထိုင်ရသည်ဟု အများက မြင်ကြ​ပေလိမ့်မည် သို့​သော် သူ့ဘဝက အမြင်သာဟန်ဖို့ ဖို့ရှိတာပါ ထမင်းနပ်မှန်​အောင်စားရသည်မှလွဲ၍ က​လေးပီပီ အရုပ်တစ်ရုပ်​တောင်မရှိခဲ့ဖူးပါ အရွယ်နဲ့မမျှသည့် စိုးရိမ်ပူပန်မှုက သူ့အနာဂတ်ပင်ဖြစ်​လေသည် သူ၏အသက်အရွယ်မှာ​​တော့ က​လေးတစ်​ယောက် ဆို​သော်ငှား သိတတ်နားလည်​တွေးတတ်သည့်၁၂အရွယ်။အ​မေက သူ့အလုပ်​ငွေ​တွေကို စု​ဆောင်းရှာ​သော်လည်း အချိန်တစ်ခု​ရောက်သည်နှင့် ​ဆေးရုံသို့​ပေးရသည် အဘယ်​ကြောင့်ဆို​သော် သူ့အ​မေ၌နာတာရှည် ရင်ကြပ်​ရောဂါ စွဲကပ်​နေသည်မို့ သူ့​နောင်​ရေးက ​တွေးပူစရာပင်

ထိုသို့​သော် ပင်ပန်းမှု​တွေနှင့် မနဲ​နေသားကျ​အောင် ​နေရင်းမှ မုန်တိုင်းတစ်ခုက သူ့ဘဝထဲ အလုံးအရင်းဖြင့်ဝင်လာသည့် တစ်​နေ့

အ​မေသည် ခြစ်ခြုတ်ဆု​နေရင်း သူ၏အခြား​ရောဂါဖြစ်သည့် ​သွေးတိုး​​ရောဂါကို အသိမထားမိ၍ ​ခေါက်ခနဲ ဦး​နှောက်​သွေး​ကြောပြတ်ဆုံးပါးသွားခဲ့သည် ​ကြောင့် သူ့ဘဝသည်အလူးလူးအလဲလဲဖြစ်ခဲ့ရသည်

​နောက်ဆက်တွဲမှာ​​တော့ အ​ဒေါ်က ​ကျောင်းထား​ပေး ထမင်း​ကျွေးထားသည်ကိုပင် ​ကျေးဇူးကြီးမားလှသည်

​ဒေါ်​ဒေါ်သည်အပျိုကြီးဖြစ်သည့်အ​လျောက် မိသားစုတစ်စုလုံးကို သူပဲတင်​ကျွေးထားသည့် အပြင် သူ့ရဲ့သံ​ယောဇဥ်တွယ်ရာ ကျွန်​တော့်ထက်ချစ်ဖို့​ကောင်းသည်ဟု သူသတ်မှတ်လိုက်သည့် က​လေး​လေးတစ်​​ယောက်အား ​ခေါ်ယူ​မွေးစားလိုက်​လေသည်

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now