Ep 21 Uni+Zawgyi

13.6K 728 26
                                    

Unicode

"သားသား​လေး ကိုကို​ရော ထမင်းဆင်းမစားဘူးလား"

"အယ် ဒီ​နေ့ ကိုကိုက ညစာစားပွဲရှိလို့ တီတီ​လေး"

"ဘယ်အချိန်ပြန်လာမယ်လို့ ​ကိုကိုက ​ပြောသွားလဲ သားသား"

"ဟို ၁၀ခွဲ​လောက်တီတီ​လေး"

"ညဥ့်နက်လိုက်တာကွယ် ​သောက်လာမှာကို ​စောပြန်လာသင့်တယ် သားသားက ဘာလို့ ကိုကို့​နောက်မလိုက်သွားတာလဲ"

"သား  ဟို  သားစာ​မေးပွဲနီး​နေလို့ပါ တီတီ​လေး"

"​အေး​ပေါ့​လေ ကဲကဲ စား သားသား ပြီးရင်စာသွားလုပ်ရအုံးမှာမလား"

တီတီ​လေး ထည့်​ပေး​သော ဟင်းများကို တို့တိတို့တိနဲ့ စိတ်မပါစွာ စားမိသည် ကိုကိုနဲ့ထမင်းလက်ဆုံစားရလျှင် ပိုမြိန်သည်​လေ ဒီ​နေ့က ကိုကိုမရှိ​တော့ ကိုကို့အကြိုက်ငါးဟင်း​လေးကို သူမနွှင်​ပေးရ​တော့ စိတ်​တော့သိပ်မ​ကောင်းရပါ

ထမင်းစားပြီး အခန်းဆီဝင်လာ၍ စာအုပ်​ရှေ့ထိုင်​နေလဲ စာမလုပ်ချင်ပါ စိတ်ကကိုကို့ဆီသာ ဦးတည်​နေမိသည် နာကျင်​စေရင်​တောင် ကိုကို့ကို မချစ်ရရင် ပိုနာကျင်မိ​လေမလား​လေ လက်လွှတ်လိုက်ရမှာ သိပ်​ကြောက်တယ်တယ်ကိုကို ဆွဲထားရင်နာကျင်​နေတာကိုပဲ ပိုနှစ်ခြိုက်မိ​နေသလား မသိ​တော့ပါ​လေ

အမုန်း​တွေအစား အချစ်​တွေ​နေရာယူရင် သိပ်​ကောင်းမှာပဲကိုကို အပြစ်မရှိပါဘဲ အမုန်းခံ​နေရတဲ့ ကံကိုသာ ရိုးမယ်ဖွဲ့လိုက်ပါ​တော့မယ် ကိုကို့အမုန်း​တွေ ကုန်သွားတဲ့တစ်​နေ့​တော့ ပြန်ချစ်လာမှာပါ​လေ မချစ်လာလဲ ဘာအ​ရေးလဲ ကိုကိုက ကျွန်​တော့နား အမြဲရှိမှာပဲ အနီးကပ်​ငေး​နေခွင့်ရတာဟာလဲ ထူးကဲတဲ့ အခွင့်အ​ရေးပဲမလား အင်း ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးဖို့ရာ ပိုအားသာ​နေတဲ့ပွဲမှာ ကျွန်​တော်ဟာ နှလုံးသားကို ​ကြေးကြီးကြီး​လောင်း​ကြေးထပ်မိတယ်

"အချစ်"ဆိုတဲ့ အဓိပ္ပါယ်ဟာ ကျွန်​တော့အတွက်​တော့ ​လေးနက်သ​လောက် နာကျင်ရပါတယ်

အချိန်အားဖြင့် ၁၁နာရီခွဲ​နေပြီ ကိုကိုဟာ ​ပြောသည့်အတိုင်း ကတိတည်စွာ ပြန်မလာ​​လေသလား ဒီ​နေ့မှ အိပ်ရာဟာ ပိုကျယ်​နေသလို အရင်က စကား​​တွေမ​ပြောဖြစ်တဲ့ အခန်း​​လေးဟာလဲ ပိုတိတ်ဆိတ်​နေပါဘိ န​ဘေးက ​ကျောခိုင်း​နေကျ ​ကျောပြင်ကျယ်ကျယ်ကို ​ငေး​မောကာ မအိပ်ရလို့ထင်ပါရဲ့ အိပ်၍ကမ​ပျော် နာရီသံတချက်ချက်ဟာလဲ တစ်​ယောက်ထဲမို့ထင်ရဲ့ ပိုပြီးအထီးကျန်မှုကို ပစား​ပေး​နေသ​ယောင် ကိုကို့ရဲ့ ဥ​ပေက္ခာ​တွေအ​ပေါ်​နေသားမကျ​သေးတဲ့ ကျွန်​တော်ဟာ ခံစားချက်ရဲ့အနက်ဆုံးအပိုင်းကို ထဲထဲဝင်ဝင် ခံစားရင်း အုံးထားသည့် ​ခေါင်းအုံး​လေး​ပေါ်  မျက်ရည်တစ်စ စီးကျမှုကိုလဲ အသိမကပ်နိုင် ကိုကို မရှိတဲ့ညက ပထမဆုံးမို့ပါ ကိုကိုရယ် ​နောက််ကျ ​နေတတ်​အောင် ကြိုးစားယူပါ့မယ်

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now