Ep 20 Zawgyi

5.1K 114 7
                                    

"သားသား မ​တွေ့တာကြာလို့လားမသိ မျက်နှာ​​လေး​ချောင်သွားတာတာပဲ"

ကိုယ့်အ​ဒေါ်က ကိုယ့်ထက် အဲ့​မွေးစားသားကိုပဲ ဂရုစိုက်​နေ​တော့ ထမင်းစားရတာ​တောင် အရသာပျက်ရတယ် ကျွန်​တော်ဘာဖြစ်​နေတယ် ဘာ​ပြောင်းလဲသွားတယ်ဆိုတာ​တောင် မသိဘဲ မျက်နှာနဲနဲ​ချောင်​နေတာ ကိုယ်​တောင်သတိမထားမိတာ​တောင် ​ဒေါ်​ဒေါ်က တန်းသိ​နေတာမျိုး

"များများထည့်စား​​နော် သားသား​လေး အကြိုက်...."

ကျွီ!!

ခုံ​ပေါ်မှာ ​ဖြေး​​ဖြေးချင်းထပြီး

"ကျွန်​တော် ဝပြီ ​ဒေါ်​ဒေါ် အလုပ်​တွေလဲ ပုံ​​နေ​တော့ ကျွန်​တော် တက်နှင့်​တော့မယ်"

"​ဟုတ်ပြီ သားလွှား ညဥ့်နက်ထိမလုပ်နဲ့​နော်"

"ဟုတ်​ဒေါ်​ဒေါ်"

"သားသား​လေး အကြိုက် ပြည်ကြီးငါး...."

နောက်ပါးဆီမှ စကားသံ​တွေကို ​မျက်ကွယ်ပြု၍ အခန်းရှိရာ အ​ပေါ်ထပ်သာ တက်လာခဲ့သည်

ကျွန်​တော် အလုပ်လုပ်​နေတုန်း အချိန်အနည်းငယ်ကြာ​တော့ အခန်းထဲဝင်လာ​သောသူကို အပြစ်မရှိပါပဲ စိတ်​နောက်​နောက်ဖြင့်​တော့ကြည့်မိသည်

ခါတိုင်းဆိုအလုပ်ခန်းထဲ အလုပ်လုပ်​ပေမယ့် သက်​တောင့်သက်သာ ဖြစ်ချင်တာမို့ အိပ်ရာ​ပေါ် ထိုင်ရင်းသာ အလုပ်လုပ်မိသည် ပြီးတာနဲ့ တန်းအိပ်ချင်တာမို့ပင်

"ကိုကို coffee​သောက်မလား ကျွန်​တော်သွား​ဖျော်​ပေးမယ်"

"ဘာလဲ အလုပ်​တွေမနားမ​နေခိုင်းပြီး မင်းက​တော့ အိမ်မှာအခန့်သားထိုင်စားဖို့ ငါ့က အိပ်မ​ပျော်​အောင် ​cofffee​သောက်ပြီး ကြိုးစားရမှာလား"

"ကျွန်​တော်​ပြောချင်တာ အဲ့လိုသ​ဘောမဟုတ်..."

"မင်းကံက​တော့ ​​မွေးစားခံရ​ပေမယ့် ​ကောင်းချက်ကွာ"

ကိုကို့စကား​တွေဟာ ရန်လိုမှုအပြည့် ကျွန်​တော်က​တော့ ကိုကို​ဒေါသထွက်​လေ စိတ်ကို​လျော့ပြီး စကားကို​ဆင်ခြင်မိသည် သူလဲအလုပ်မှာ စိတ်ရှုပ်စရာကြုံလို့ ကိုယ့်ကို စိတ်ထွက်​ပေါက်အ​နေနဲ့မဲမိတာ ​နေမှာပါ​လေ

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now