Ep 34 Uni+Zawgyi

10.9K 550 22
                                    

Unicode

မှားခဲ့တာမှန်​ပေမယ့် သူမကျူးလွန်ခဲ့​ကြောင်း သက်​သေက ရှိမ​နေတဲ့အခါ ပါးစပ်က အ​စေးကပ်​နေသလိုကို ဖွင့်မရ

မရှင်းပြနိုင်တဲ့သူ့ကို ကြည့်ပြီး အင်မတန်နာကျင်ရသည် စကား​တွေတတွင်တွင်​ပြောတတ်သူက အပြစ်ကျူးလွန်တဲ့အခါ တိတ်ဆိတ်သွားတတ်သလား သူ့​ရှေ့အမြဲပြုံးရယ် ​နေတတ်တဲ့ကိုကို မုန်းရင်လဲမုန်း​ကြောင်း ကြည့်မရလဲကြည့်မရ​ကြောင်း လူတစ်​ယောက်​ကို စိတ်အ​နှောင့်အယှက်​ဖြစ်​အောင် ကောင်း​ကောင်း​ပြောနိုင်တဲ့ကိုကိုက ခု​လို မလှုပ်မယှက် ​ခေါင်းငိုက်စိုက်ရပ်​နေတာကို မခံချိမခံသာဖြစ်ရသည်

'ကိုကိုရယ် မလုပ်ခဲ့ဘူးလို့ တစ်ခွန်းသာ ​ပြောလိုက်ပါ ငယ်​ကျော်​ပေးသွားပါ့မယ် တစ်ခွန်းတည်း​လေ ကိုကိုရယ် တစ်ခွန်းတည်းပါ"ကိုကို့ကို သူကြည့်ရင်း စိတ်ထဲက ​တောင်းဆို​နေမိသည် ဒီလို​တော့ ဘာမှမတုံ့ပြန်ပဲမ​နေပါနဲ့ကိုကိုရယ် ကိုကို့ပုခုံး​တွေကို လှုပ်ယမ်းဆွဲခါပစ်လိုက်ချင်​ပေမယ့် သူ့မှာ ပုခုံးဆီကို​တောင် လက်လှမ်းဖို့ အင်အား​တွေပါ ​​လျော့ပါး​နေခဲ့သည်

ငယ်ရယ် ကိုကို့်မှာ သက်​သေရှိတဲ့​နေ့ ငယ့်ဆီအရင်ပြပါ့မယ် ခု​တော့ခဏပဲသည်းခံ​ပေးပါငယ်ရယ် စိတ်ထဲမှ သူ ငယ့်ကို တသသ​တောင်းပန်​နေမိသည်

"ကိုယ်တို့ အိမ်အရင်ပြန်ရ​အောင်"

"ပြန်မယ် အိမ်​ရောက်တာနဲ့တီ​လေးကို ကွာရှင်းမယ့်အ​ကြောင်း​ပြောမယ်"

"ငယ်"

"ငါ့ကို လာမ​အော်နဲ့ မင်းကငါ့ကို ​အော်ရ​လောက်​အောင် ဘယ်​လောက်​တော်​နေလို့လဲ"

"ကိုယ်​တောင်းပန်ပါတယ်"

"ငါမင်းရဲ့​တောင်းပန်တာကို ကြားချင်တာမဟုတ်ဘူး အ​ဖြေတစ်ခုပဲကြားချင်တာ ဟင် ဒါမှမဟုတ် ​တောင်းပန်တယ်ဆို​တော့ မင်းတကယ်ပဲတကယ်ပဲ..."

ငယ်ဟာ စကားကို​တောင် ဆုံး​အောင်မ​​ပြောနိုင်ပဲ မျက်ရည် ​တွေပဲကျလာ​တော့သည် သူ ငယ့်မျက်ရည်​တွေကို သုတ်​ပေးချင်မိ​ပေမယ့် သုတ်ခွင့်​ပေးမှာမဟုတ်မှန်းလဲ သူသိ​နေခဲ့တယ် ငယ့်ကို မျက်ရည်ကျ​အောင်လုပ်သူဟာ ငယ့်ဘဝအတွက် သူပဲပင်တိုင်ဖြစ်​နေခဲ့မိတယ်

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now