Unicode
"ကိုကို့ ရင်ခွင်ထဲအိပ်ချင်တယ်"
"ကိုကိုက ခုမှဟင်းချက်ပြီး တက်လာတာ ချွေးတွေနဲ့ ပြီးတော့ ဟင်းနံ့တွေနဲ့ ကိုကို ရေချိုးပြီးရင် အိပ်နော် ခုတော့ ခဏလေးစောင့်"
"ကိုကို သိလား ကိုကို အလုပ်က ပြန်လာရင် ကိုကို့ ကိုယ်သင်းနံ့ကအစ ငယ်အလွတ်ရအောင် မှတ်ထားတာ ဒီလောက်တော့ အေးဆေး ကိုကိုညစ်ပတ်အိုးလေး"
"ဟုတ်လား ကိုကိုက ညစ်ပတ်အိုးဆို ငယ်ကငပိအိုးလေ ကိုယ့်ဘာသာလဲ ကြည့်အုံး ကိုကိုရေပတ်တိုက်ပေးမှ ငယ်ကမွှေးမှာနော်"
လွှား ရွှန်းဝေလ ဆံသားလေးတွေနမ်းရင်း နှာခေါင်းလေး ပိတ်လို့ လက်လေးရမ်း၍ မျက်နှာရှုံ့ပြလိုက်သည်
ငယ်လေးက မျက်နှာလေးငယ်ပြီး မျက်လုံးလေးမဝံ့မရဲ မော်ကြည့်လို့
"တကယ်နံတာလား ကိုကို"
အနားတိုးဖို့ ရွေ့နေသည့်ကိုယ်လုံးလေးအား ခပ်ဝေးဝေးပြန်ရွေ့ခံနီး မာန် ကလေးရင်ဘတ်လေးအား သူ့နဘေးဆွဲကပ်လို့
ပါးဖောင်းဖောင်းလေးအား ဒီနေ့နမ်းမဝစွာ နစ်ဝင်အောင်ထပ်နမ်းရင်း ပြောလိုက်သည့်စကားကြောင့် ကလေးသူ့ကိုကျောပေးသွားသည်
"ကိုကိုက ငပိစားရတာကြိုက်တယ်လေ ငယ်လေးရဲ့"
တစ်ဆက်တည်းမှာ မာန်ရဲ့ခပ်သြသြရယ်သံဟာလည်း အခန်းထဲလွှမ်းလို့ပေါ့
ရယ်သံတိတ်သွားတဲ့ နောက်ဆက်တွဲ လည်ပင်းသားလေး နွေးထွေးသွားခဲ့ပါသည်
"အရာတွေ ထင်မယ် ကိုကို"
"တစ်ကိုယ်လုံး အရာတွေနဲ့ကို ဒါလေးလောက်တော့ ထပ်တိုးထည့်တွက်လိုက်တော့ငယ်"
×××× ××××× ××××× ××××× ××××× ×××××××××
"ကြည်နူး အလုပ်တွေရှိသမျှကို ငါ့emailကိုပဲပို့လိုက် အရေးကြီးဧည့်သည်ရှိမှခေါ် ဒီတစ်လတော့ ငယ်လေးကို အချိန်ပေးရမှာမို့""ကိုလွှား အမျိုးတွေရောက်နေတာလားရှင့်"
"ဟမ် ဘယ်ကအမျိုးလဲ"
![](https://img.wattpad.com/cover/294599059-288-k441021.jpg)
YOU ARE READING
ချိုမြိန်သောဥပါယ်(ခ်ိဳၿမိန္ေသာဥပါယ္)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...