နာရီကိုကြည့်မိတော့ ၁၁နာရီခွဲနေပြီမို့ အလုပ်ကိုလက်စသတ်ပြီး အိပ်ရာခန်းဘက်ဆီကူးလာလိုက်သည် စောင့်နေမည်ဟု ပြောသူက ခုဆီ အညိုရောင် ကုတင်ထက်တွင် စောင်ပုံထဲ၌ ဆက်တော်ခေါ်နေလေပြီ
ကျွန်တော်လည်း ညဥ့်နက်နေပြီမို့ ထိုအညိုရောင်ကုတင်ထက် စောင်ပုံထဲတိုးဝင်လိုက်သည် နဘေးကကောင်ငယ်လေးအား ကြည့်မိတော့ သူ့ရဲ့မျက်လုံးအိမ်ကြီးကြီးကိုဖုံးကွယ်ထားပြီး မျက်ခွံမို့မို့လေးတွေဘေး စီရရီ ခပ်စိတ်စိတ်ရှည်ရှည်လေးတွေက နှာတံခပ်စင်းစင်း အဆုံး လုံးတုံးတုံးနှာလုံးလေး နှဖူးပြင်ကျဉ်းကျဉ်းလေးပေါ် ခပ်ဝဲဝဲကျနေသည့် အိစက်သည့်ဆံသားအချို့
"အင်း လှတယ် မင်းကယောက်ျားလေးတန်မဲ့ လှလွန်းတယ် မင်းအလှက ငါ့ကိုအန္တရာယ်များစေတယ် မင်းအလှတွေပေါ် ယစ်မူးမိတိုင်း အတိတ်တွေက ငါ့ကို ပြန်ဝါးမြိုနေတာမို့ မင်းအလှက ငါမုန်းဖို့ပိုထိုက်တန်လာတယ်"
ထိုစကားကို မပြောမီ သူသတိလက်လွတ် ထိုကောင်လေး နှာဖျားလေးနဲ့ သူ့နှာတံ စင်းစင်းက ကနဦးထိတွေ့ ခဲ့ကြောင်းကိုတော့ သူသာသိပါလိမ့်မည်
မနက်ဆို ခပ်ကျယ်ကျယ် ရင်ခွင်ထဲက ဖြူသွယ်သွယ်ကောင်လေးတစ်ယောက်တော့ မလူးသာမလွန့်သာလေး နိုးထတတ်လာပြီ ထိုကောင်လေးခပ်လှုပ်လှုပ်လုပ်မိတိုင်းလဲ ခပ်ညိုညိုကောင်ဆိုးလေးက မျက်ဝန်းစင်းစင်းတွေ မဖွင့်ဟပဲ မျက်ခုံးတွေ စုကျုံ့ပြီး ပြန်လည်တင်းကျပ်စွာ မသိလိုက်မသိဘာသာ ဖက်ထားမိတတ်ပြန်လိမ့်မည် အသိဝင်လာတိုင်းလဲ သူမဟုတ်သလို ခပ်ဖွဖွလွှတ်ပေးရင်း တစ်ဖက်စောင်းပြန်အိပ်ပါလိမ့်အုံးမည်
ကိုကို ဒီနေ့ ကျောင်းလိုက်ပို့မှာမို့ ပိုပြီးစိတ်က ကြည်နူးနေမိလားမသိ ခပ်သွက်သွက်ထပြီး ရေမိုးချိုးမိသည် ရေချိုးခန်းထဲတွင်လည်း သီချင်းလေးတစ်အေးအေးနှင့် စိတ်အစဉ်ကမြူးတူးလို့ပေါ့
🎶မင်း သိဖို့ကောင်းတယ် စွဲမိတဲ့ မင်းရဲ့အပြုံးလေး ချိုသာတဲ့စကားများ ပျောက်ကွယ်ရင် မနေတတ်လို့ ယောင်ချာချာဖြစ်ခဲ့ရ...🎶

YOU ARE READING
ချိုမြိန်သောဥပါယ်(ချိုမြိန်သောဥပါယ်)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...