Ep 13 Uni

16.6K 810 11
                                    

နာရီကိုကြည့်မိ​တော့ ၁၁နာရီခွဲ​နေပြီမို့ အလုပ်ကိုလက်စသတ်ပြီး အိပ်ရာခန်းဘက်ဆီကူးလာလိုက်သည် ​စောင့်​နေမည်ဟု ​ပြောသူက ခုဆီ အညို​ရောင် ကုတင်ထက်တွင် ​​စောင်ပုံထဲ၌ ဆက်​တော်​ခေါ်​နေ​လေပြီ

ကျွန်​တော်လည်း ညဥ့်နက်​နေပြီမို့ ထိုအညို​ရောင်ကုတင်ထက် ​စောင်ပုံထဲတိုးဝင်လိုက်သည် န​ဘေးက​​ကောင်ငယ်​လေးအား ကြည့်မိ​တော့ သူ့ရဲ့မျက်လုံးအိမ်ကြီးကြီးကိုဖုံးကွယ်ထားပြီး မျက်ခွံမို့မို့​လေး​တွေ​ဘေး စီရရီ ခပ်စိတ်စိတ်ရှည်ရှည်​လေး​တွေက နှာတံခပ်စင်းစင်း အဆုံး လုံးတုံးတုံးနှာလုံး​လေး နှဖူးပြင်​ကျဥ်းကျဥ်း​လေး​ပေါ် ခပ်ဝဲဝဲကျ​နေသည့် အိစက်သည့်ဆံသားအချို့

"အင်း လှတယ် မင်းက​ယောက်ျား​လေးတန်မဲ့ လှလွန်းတယ် မင်းအလှက ငါ့ကိုအန္တရာယ်များ​စေတယ် မင်းအလှ​တွေ​ပေါ်  ယစ်မူးမိတိုင်း အတိတ်​တွေက ငါ့ကို ပြန်ဝါးမြို​နေတာမို့ မင်းအလှက ငါမုန်းဖို့ပိုထိုက်တန်လာတယ်"

ထိုစကားကို မ​ပြောမီ သူသတိလက်လွတ် ထို​ကောင်​လေး နှာဖျား​လေးနဲ့ သူ့နှာတံ စင်းစင်းက ကနဦးထိ​တွေ့ ခဲ့​ကြောင်းကို​တော့ သူသာသိပါလိမ့်မည်

မနက်ဆို ခပ်ကျယ်ကျယ် ရင်ခွင်ထဲက ဖြူသွယ်သွယ်​ကောင်​လေးတစ်​​ယောက်​တော့ မလူးသာမလွန့်သာ​လေး နိုးထတတ်လာပြီ ထို​ကောင်​လေးခပ်လှုပ်လှုပ်လုပ်မိတိုင်းလဲ ခပ်ညိုညို​ကောင်​ဆိုး​လေးက မျက်ဝန်းစင်းစင်း​တွေ မဖွင့်ဟပဲ မျက်ခုံး​တွေ စုကျုံ့ပြီး ပြန်လည်တင်းကျပ်စွာ မသိလိုက်မသိဘာသာ ဖက်ထားမိတတ်ပြန်လိမ့်မည် အသိဝင်လာတိုင်းလဲ သူမဟုတ်သလို ခပ်ဖွဖွလွှတ်​ပေးရင်း တစ်ဖက်​စောင်းပြန်အိပ်ပါလိမ့်အုံးမည်

ကိုကို ဒီ​နေ့ ​ကျောင်းလိုက်ပို့မှာမို့ ပိုပြီးစိတ်က ကြည်နူး​နေမိလားမသိ ခပ်သွက်သွက်ထပြီး ​ရေမိုးချိုးမိသည် ​ရေချိုးခန်းထဲတွင်လည်း သီချင်း​လေးတစ်​အေး​အေးနှင့် စိတ်အစဥ်ကမြူးတူးလို့​ပေါ့

🎶မင်း သိဖို့​ကောင်းတယ် စွဲမိတဲ့ မင်းရဲ့အပြုံး​လေး​ ချိုသာတဲ့စကားများ ​ပျောက်ကွယ်ရင် မ​နေတတ်လို့ ​ယောင်ချာချာဖြစ်ခဲ့ရ...🎶

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now