Ep 10 Uni+Zawgyi

18K 863 13
                                    

Unicode

"တီမွန် ရွန်း​ဝေလ ​နေမ​​ကောင်းလို့ အ​ပေည်ထပ်ကို ကြက်စွတ်ပြုတ်​​​လေးပို့​ပေးလိုက်ပါ အကိုက်အခဲ​ပျောက်​ဆေး​လေးနဲ့"

"အ​တော်​နေမ​ကောင်းဖြစ်​နေတာလား"

သူ့စကား​ကြောင့် တီမွန်က စိုးရိမ်တကြီး​မေးလာသည်*တီမွန်တို့ကလဲပူတတ်ပ*တီမွန်စကား​ကြောင့် သူ့နှုတ်ခမ်းပါ မသိမသာ​ကော့သွားရင်း

"​နေ့လည်ဆိုသက်သာသွားမှာပါ အဲ့ဒါ​ကြောင့် ဂရုစိုက်​ပေးပါအုံး ကျွန်​တော်က အ​ရေးကြီးအစည်းအ​ဝေးရှိ​တော့မသွားမဖြစ်မို့"

"​အေး​အေး စိတ်ချလက်ချသွား​နော်သား တီမွန် သားသား​လေးကို ဂရုစိုက်လိုက်မယ်"

သားလွှားက ပြုံး၍​ခေါင်းဆတ်ပြရင်း ကားထဲဝင်သွားမှ

"ဒီက​လေးနှယ် မချစ်တာလဲမဟုတ် သက်သက်အချစ်စမ်း​နေတာ"
××× ××× ×××××
​နေမထိထိုင်မသာဖြစ်​နေသည်မို့ မျက်နှာသစ်ဖို့​တောင်မနဲကြိုးစားသွားခဲ့ရသည် သန့်ရှင်း​ရေးက​တော့ ကိုကိုလုပ်​ပေးထားသည်ထင်ပါတယ် မ​နေ့ကလို​တော့ ညည်းစီစီမဖြစ်​နေ ဘယ်လိုပင်​ပြော​ပြော ကိုယ်ချစ်တဲ့သူနှင့် ချစ်စရာအ​ခွင့်များ ပုံ​ဖော်ခွင့်ရသည်ကို​တော့ ​ကျေနပ်မိသည်မို့ ခပ်​ရေး​ရေး​လေးပြုံး​နေတုန်း

​ဒေါက် ​ဒေါက်!!

အခုလိုအ​​ခြေအ​နေမှာ အထအသွားလဲ မလွယ်သည်မို့ တံခါးကို ​လော့မချထား အိမ်သား​တွေရိပ်မိရင်လဲ သူ့အတွက် အဆင်မ​ပြေလှသည်မို့​လေ

"တီမွန်လား ဝင်လာ​လို့ရတယ်ဗျ"

အ​ဖြေစကားအဆုံးတီမွန်က လင်ဗန်းတစ်ခု သယ်ဝင်လာသည်

"သားသား​လေး ​နေမ​ကောင်းဘူးဆို သားလွှားက​ပြောသွားလို့ ​ဆေးလဲယူလာတယ် ကိုယ်ပူ​သေးလား မှန်းစမ်း"

တီမွန်စကား​ကြောင့် ကိုယ်ကမပူပါပဲ ပါးနှစ်ဖက်​တော့ ပူ​နေ​လောက်မည်ထင်ပါသည်

"အင်း အဖျား​တော့မရှိပါဘူး သားလွှားက​တော့ ​ဆေးတိုက်​ဆို​တော့ ​ဆေး​လေး​တော့လိုလိုပိုပို​သောက်ထား​နော်"

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now