Ep 12 Uni

17.2K 888 34
                                    

Unicode

ဒီ​နေ့​တော့ တီတီ​လေး မရှိ​တော့ ကိုကိုနှင့်သာ ၂​ယောက်အတူထမင်းစားဖြစ်သည် ဖြစ်ချင်​တော့ဒီ​နေ့ကလဲ ငါးဟင်း ကိုကိုက ငါးကြိုက်တယ် အရိုး​ကြောင့်သာ မစားတာမို့ ကျွန်​တော်နဲ့လက်ထပ်ပြီးကတည်းက ငါးဟင်းကို တစ်ပတ် ၃ရက်​လောက်စားသည် အကျင့်ပုတ်ကြီး​လေ သီးသန့်သူများကို ခိုင်းချင်လို့

အခုလည်း ကျွန်​တော်က ကိုယ်​တော်​ချောအတွက် ငါးနွှင်​ပေး​နေရ​သေးသည် ကိုယ်က ငါးရိုး​လေးနွှင်​ပေးတာကို ပုံ​​ပေးလိုက်တာနဲ့ ထမင်း​လေးနဲ့​ရောပြီး တမြုံ့မြုံ့စားရတာကို သူက ဓါတ်ကျ​နေပါပီ ​တော်​သေးတာ​ပေါ့ မခွံ့​ကျွေးရတာပဲ သူ့ကို ​ပေ​စောင်း​စောင်း ကြည့်မိ​တော့

"ဘာလဲ မင်းက ငါးရိုးနွှင်​ပေးရလို့ ငြိုငြင်​နေတာလား"

"အင်း"

"ဘာ"

"ဟုတ်တယ်​လေ ကိုကိုကကျ ထမင်းစားကုန်​တော့မယ် ကျွန်​တော်က တစ်လုတ်​တောင်မစားရ​သေးဘူး"

"မင်းက အိမ်မှာ​နေခဲ့တာပဲ ငါကပင်ပန်းရမလား မင်းကပင်ပန်းရမလား ဒါ​လေးလုပ်ခိုင်းတာကို ကူလီထမ်းခိုင်းသလို ပင်ပန်းပြ​နေတယ်"

စကားနဲရန်စဲချင်တာမို့ ကိုယ်ကသာ အသံတိတ်လိုက်ရသည်

"​နောက်ဆို ငါးဟင်းပိုချက်ခိုင်းရမယ်"

ဇွန်းနဲ့ခပ်ရင်းနှင့် ငါးအသားဖက်​လေးကို ထမင်းနဲ့နယ်ရင်း ရွဲ့​စောင်း​ပြော​နေသည်

"ပင်ပန်းပြမ​နေနဲ့  မင်း​ယောက်ျားက အပြင်ထွက် စီးပွားရှာ​နေရတာ မင်းကအိမ်မှာ အသင့်ထိုင်စား​နေရတာ ​သေချာလဲပြန်​သုံးသပ်အုံး ကျစ်!!"

ထိုစကားကို ကျွန်​တော့် ဦး​နှောက်နား လက်ညှိုးထိုးရင်း ထမင်းစားလက်စသတ်၍ ခုံက​နေထသွားသည်

ကျွန်​တော်ကလဲ ကျွန်​တော်ပါပဲ အရင်ကလဲ လုပ်​ပေး​နေကျကို ဒီ​နေ့မှ စိတ်မရှည်ပဲ ပြန်ခံ​ပြောလိုက်မိသည့် ကိုယ့်စိတ်ကိုလဲနားမလည် ခုနက ကြည်နူး​နေခဲ့ရသည့် အချိန်​လေး​တွေက အခု​တော့ တိမ်လိုပါပဲ တ​ရွေ့​ရွေ့​​ပျောက်ကွယ်သွားသည် ဒါကလည်း ကျွန်​တော့်​ကြောင့်ပါပဲ ကိုကိုနဲ့၂​ယောက်ထဲအတူရှိ​နေရုံနဲ့တင် ​ပျော်​နေသင့်တာကို
××××× ×××××× ×××××××××××× ××××××××××××
ကျွန်​တော်ထမင်းစားပြီး အိပ်ခန်းထဲဝင်လာ​တော့ ​ဝေ့ဝဲကြည့်မိ​တော့ ကိုကို့ကိုမ​တွေ့ 

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now