Ep 11 Uni+Zawgyi

16.3K 803 16
                                    

Unicode

ကိုကို့ စကားကြီး​ကြောင့် နားရွက်​တွေပါ ရဲသွားမိသည် ဘယ်လိုအဓိပ္ပါယ်ကြီးတုန်း ကိုကိုက​တော့ ​ရှေ့မကြည့်​နောက်မကြည့်

"မင်း ညစာ စားပြီးပြီလား"

"...."

"စားရ​သေးမှာလဲ မဟုတ်ပါဘူး အိပ်ရာထဲပဲ နစ်​နေတာ​နေမှာ ဒီလိုမျိုးကျ​တော့လဲ ဇိမ်ရှိသား​နော်"

သူမို့​ပြောတတ်ပ ဇိမ်ရှိတယ်ရှိ​သေး ရွန်း​ဝေလ စိတ်ထဲက မသိမသာ ပြန်ခံ​ပြောမိသည်

"အဲ့​တော့ မင်းက ​အောက်ဆင်းပြီးထမင်းအတူလိုက်စားမှာလား တီမွန်ကို ပို့ခိုင်းမှာလား ဒီတစ်ခါ ပို့ခိုင်းရင်​တော့ ငါအမှန်အတိုင်း​ပြောရ​တော့မယ်ထင်တယ်"

"ကိုကို"

"​တော် ​တော် ဘာလုပ်မှာလဲ​ပြော"

"အတူလိုက်ဆင်းစားမယ်"

ရွန်း​ဝေလအား ​ခြေတစ်ပြန် ​ခေါင်းတစ်ပြန်ကြည့်ပြီး​နောက်

"ဆင်းနိုင်လို့လား"

ကိုကို့အကြည့် ကိုကို့စကား​ကြောင့် မျက်နှာထပ်ဆင့်ပူရ ကိုကိုက​လေ ဒီကိစ္စကြီးကို အကျယ်တဝင့်​ပြောနိုင်လွန်းတယ်

ကျွန်​တော့်ဆီက အ​ဖြေစကားမရသည့်အဆုံး

"ငါ​ရေချိုးပြီးရင် ဆင်းမယ် ထနိုင်မထနိုင် မင်းဘာသာစစ်ကြည့်အုံး"

ရိသဲ့သဲ့ စကားနှင့်အတူ တစ်ဖက်ထဲ ညစ်ကျယ်ကျယ်အပြုံးက တမင် စိတ်ကသိက​အောက်ဖြစ်​အောင် သက်သက်ဖန်တီးသွားတာပင်
×××× ××××× ××××××× ×××××× ×××××××
​​ခြေချိုးပြီးထွက်လာ​သောကိုကိုက ​ရေ​တွေ တွဲလဲခို​နေသည့်အပြင် ဝမ်းဗိုက်ချပ်ချပ်​ပေါ် ကျိုးတို့ကျဲတဲ အ​မွှေးများနှင့် ​လေ့ကျင့်ခန်းလိုက်စားသူပီပီ ကြွက်သား အ​မြောင်း​တွေကအထင်းသား အသားခပ်လတ်လတ်က ပိုပြီးကြည့်​ကောင်း​နေသည်

​ထောင်ထား​သော ဆံပင်များက ​ခေါင်း​လျှော်ပြီးထွက်လာ​သော ကိုကိုအတွက် ​ရေအနည်းငယ်စိုပြီး ​ဖြောင့်ဆင်း​နေသည့် နဖူး​ပေါ် ဟိုတစ်စ ဒီတစ်စဖြင့် လက်​မြှောက်ပြီး ဆံပင်သုပ်​နေသည်မို့  ခပ်ပါးပါးထွက်​နေသည့် ချိုင်းသား ​တော်​တော်ကိုဆွဲ​ဆောင်မှုရှိ​နေသည်မို့ ဘယ်​လောက်ကြာကြာ​ငေးမိသွားသည်မသိ

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Where stories live. Discover now