Chapter (1)

15K 725 28
                                    

နေ့စဥ်ဖြတ်သန်းနေကျ လမ်းပေါ်တွင်ကားများဆိုင်ကယ်များက တရိပ်ရိပ်ပြေးလွှားနေသည်။ ပလက်ဖောင်းပေါ်တွင် သွားလာလှုပ်ရှားနေသည့်သူများနှင့် စည်ကားသက်ဝင်လို့နေသည်။ မနက်ခင်းသာရှိသေးပေမဲ့ မန္တလေး၏နေရောင်ကတော့ စူးနေအောင်ပြင်းသည်။ နာရီစင်မှ တဒင်ဒင်မြည်သံသည် မနက်(၇)နာရီရှိပြီဖြစ်ကြောင်း အချက်ပေးလို့နေသည်။

(၂၆)ဘီလမ်းပေါ်မှာ ကားမောင်းနေရင်း
ရှင်နေမင်းသည် ကိုယ့်ကိုယ်ကိုယ်ဗိုက်ဆာနေမှန်း သတိပြုမိသည်။ မျက်နှာသစ်အဝတ်အစားလဲပြီး တန်းထွက်လာတာမို့ သူဘာမှမစားခဲ့ရသေး။

ကားပေါ်ရှိရေဒီယိုကနေ ချိုပြုံး၏ ပျို့ဆုတောင်း သီချင်းကိုထုတ်လွှင့်နေသည်။

~မြင်မြင်ချင်းပဲချစ်မိတယ်
မြင်မြင်ချင်းပဲကြိုက်မိတယ်
စေတနာမောင့်အပေါ်ထားလို့ ပျိုမေ
မေတ္တာရှိလှတယ်....
~ရေစက်ဟောင်းဆုတောင်းပြည့်လို့ထင်
တယ်...ဒီဘဝမှာလည်းအချစ်မပြယ်
မောင်ရယ် ချစ်လက်စမကုန်ဘူးကွယ်~

အမေတို့ခေတ်ကသီချင်းဖြစ်မည်။ မြင်မြင်ချင်းအချစ်ဆိုတာ ရှေးရေစက်တို့အားကောင်းလွန်းလှ၍ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်တည်လာသောအရာဖြစ်ကြောင်း သီချင်းထဲတွင်ရေးဖွဲ့ထားလေသည်။

သီချင်းတအေးအေးဖြင့် ကားမောင်းလာရင်း (၈၆)လမ်းပေါ်ရောက်လာသည်။ အတန်းလိုက်ဖြစ်နေသောကျွန်းပင်တွေက တရိပ်ရိပ်ကျန်ခဲ့သည်။ (၁၉)လမ်း ညောင်ပင်စျေးနားရောက်တော့ စျေးဖွင့်ချိန်မို့ အနည်းငယ်လူရှုပ်နေသဖြင့်ကားကို သတိထားမောင်းရသည်။

(၁၅)လမ်းရောက်သည့်အချိန်ကားကိုအနောက်ဘက်ကွေ့လိုက်တာနှင့် ရှင်နေမင်းမိဘတွေ အိမ်ရှေ့ကိုတန်းရောက်သည်။ အိမ်ရှေ့မှာကားရပ်ပြီး ဟွန်းသံပေးလိုက်တော့ အထဲမှကောင်မလေးတစ်ယောက်ထွက်လာပြီး တံခါးဖွင့်ပေး‌လေသည်။

ကားကိုခြံဝန်းထဲသွင်းကာ အိမ်ထဲဝင်လိုက်ချိန် ဧည့်ခန်းမှာထိုင်နေသည့်သူ့အမေကို တွေ့လိုက်ရသည်။

အမေ့မျက်နှာက မသာမယာ ကျွန်းခုံပေါ်မှာကူရှင်တစ်ခု ထိုအပေါ်ကိုမှစောင်အထပ်ထပ်ခုကာထိုင်နေခြင်းဖြစ်သည်။ အမေ့မျက်နှာကြည့်ရုံနှင့် စိတ်ရာသီဥတုကို ခန့်မှန်းလိုက်နိုင်ပြီ။

ချစ်ရေစက်Where stories live. Discover now