Chapter (19)

4.2K 373 14
                                    

ရှင်နေမင်းအတွက် ပုံမှန်မိဘအိမ်ပြန်သောနေ့ကို ရောက်လာသည်။ သူသည် ဘယ်လောက်ပဲမအားလပ်ပါစေ တစ်ပတ်နှစ်ရက်လောက်တော့ နေ့လယ်စာစားချိန်လေးပဲဖြစ်ဖြစ် အိမ်ကိုမျက်နှာပြနိုင်အောင် အားထုတ်တတ်မြဲ။ ယနေ့အိမ်ပြန်သည့်အချိန်တွင် သူ့ဆိုင်ကနေ အမေနှင့်အဖေနှစ်ယောက်လုံးကြိုက်သော ပင်လယ်စာထမင်းကြော်ကို ယူသွားလိုက်သည်။ ချဥ်စပ်အရသာ ပုစွန်၊ ကင်းမွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ဂဏန်းသားအစုံပါသော ထမင်းကြော်သည် သူ့ဆိုင်၏လူကြိုက်များဆုံး menuဖြစ်သည်။

အိမ်ထဲဝင်ဝင်ချင်းမှာပင် ဧည့်ခန်းထဲမှာအမေနှင့်စကားထိုင်ပြောနေသည့် ဧည့်သည်ကြောင့် ရှင်နေမင်း နင်သွားရသည်။ အန်တီဒေါ်ထားသူသူ ကိုမြင်လို့နင်သွားရခြင်းတော့မဟုတ်ပါ။ သူ့အမေ၏ နောက်ဆက်တွဲပြောလာမည့် စကားတွေကြောင့်ဖြစ်သည်။

"မတွေ့ရတာကြာပြီနော်အန်တီ"

"ဟုတ်ပါ့သားရယ် မတွေ့ရတာကြာပြီ သားမွေးနေ့တောင်မအားလို့အန်တီမလာနိုင်ဘူး...သမီးလေးကလည်းမအားလို့လေ "

"ဟုတ်ကဲ့အန်တီရပါတယ်"

ရှင်နေမင်းသည် လောကွတ်ပြုပြီးတာနှင့်မီးဖိုခန်းထဲဝင်ကာ ပါလာသည့်ထမင်းကြော်တွေကို ပန်းကန်ထဲလှယ်ထည့်လိုက်သည်။

အန်တီဒေါ်ထားသူသူက အမေ့၏ သူငယ်ချင်း၊ တစ်နည်းတစ်ဖုံဆိုရလျှင် အမေ့ နံပါတ်တစ်ခမည်းခမက်လောင်းပင်။
အန်တီ့မှာ ထားကလျာဆိုသည့်သမီးတစ်ယောက်ရှိသည်။ ရှင်နေမင်းနှင့် အတူတူ မန္တလေးတက္ကသိုလ်မှာ တက်ခဲ့သည့် ကျောင်းနေဖက််။ အခုဆို ထားကလျာသည် ကထိကဆရာမပင်ဖြစ်နေပြီ။

အမေက အရင်နှစ်တွေတည်းက ထားကလျာနှင့်နေရာချထားပေးချင်သည့် အရိပ်ယောင်တွေပြသော်လည်း ထိုစဥ်က ရှင်နေမင်းမှာရည်းစားရှိတာကြောင့် အမေကဆက်ပြီးမတိုက်တွန်းတော့တာ။ အခုတော့ ရှင်နေမင်းမျက်ခုံးလှုပ်နေရပြီ။

အတန်ကြာစကားပြောပြီး ဧည့်သည်ပြန်သွားတော့ အမေကမီးဖိုခန်းထဲဝင်လာသည်။ ဟင်းပန်ကန်တွေခင်းလို့ သားအမိနှစ်ယောက်နေ့လယ်စာ စားဖို့ပြင်ကြသည်။

ချစ်ရေစက်Where stories live. Discover now