Chapter (12)

4K 380 8
                                    

သက်ငြိမ်အေးသည် ယနေ့ နေ့လယ်တစ်ပိုင်းလုံးကို တခြားဆရာဝန်တစ်ယောက်နှင့် ဂျူတီလဲလိုက်သည်။ ကောင်းကောင်းက မနက်ဖြန်ဆိုခရီးထွက်တော့မှာမို့ လိုအပ်တာတွေလိုက်ဝယ်ပေးရန် သူနေ့ခင်းတစ်ပိုင်းလုံးအားနေအောင် အရင်ရက်တွေတည်းက ကြိုတင်စီစဥ်ထားသည်။ ကောင်းကောင်းအလိုကျခရီးမှာလိုက်မပေးနိုင်ခြင်းအပေါ် သူစိတ်မကောင်းဖြစ်နေပြီး ကောင်းကောင်းအပေါ်ဒီထက်လိုက်လျောပေးချင်စိတ်တွေပဲ ဖြစ်ပေါ်နေသည်။ သူဟာကောင်းကောင်းအပေါ်မှာတစ်ကိုယ်ကောင်းဆန်နေမိပြီလားလို့ တွေးမိတာအခါခါပေမဲ့ သူဆက်ပြီးပဲ တစ်ကိုယ်ကောင်းဆန်နေမိသည်။ သူ့မပြည့်စုံမှုတွေကို ဘယ်လိုဖြည့်ဆည်းရမလဲလို့ ဆက်တိုက်တွေးနေမိ၏။

သူ့ဘဝမှာ ဆုံးရှုံးရခြင်းတွေ စိတ်ပင်ပန်းမွန်းကြပ်မှုတွေ၊ ဘဝကိုအရှုံးပေးချင်စိတ်တွေနှင့် ရှင်သန်ခဲ့ရပြီးနောက်မှာ ကောင်းကောင်းကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။

သူ့ဘေးမှာရှိတဲ့ ဒီကောင်လေးကသူ့ရဲ့ကံကောင်းမှုလေး...သူဘယ်လိုမှအဆုံးရှုံးမခံနိုင်ဆုံး ဖြစ်တည်မှု...ကောင်းကောင်းကို သူတတ်နိုင်တာတွေအကုန်ပုံအောပြီး၊ သူအစွမ်းကုန်ချစ်ပေးပြီး သူ့နားမှာအမြဲနေအောင်ဆွဲထားမယ်။ ဒါ ကောင်းကောင်းနဲ့ချစ်သူဖြစ်တည်းက သက်ငြိမ်အေးချခဲ့တဲ့ဆုံးဖြတ်ချက်ပဲ။

shopping mall၏ဆိုင်ခန်းတွေကို ကောင်းကောင်းကလိုက်ကြည့်နေသည်။ သူကတော့ ကောင်းကောင်းလက်ကိုမလွတ်တမ်းဆုပ်ကိုင်ထားရင်းပေါ့။ သက်ငြိမ်အေးမျက်နှာထက်မှာတော့ အပြုံးနုနုကနေရာယူလို့ထားသည်။ တစ်ချက်တစ်ချက် အားမလိုအားမရဖြစ်ကာ ကောင်းကောင်း၏လက်ကိုပိုဖျစ်ညစ်မိသည်။ သူ့ကိုမော့ကြည့်လာသော ကောင်းကောင်းမျက်လုံးဝိုင်းဝိုင်းတို့ကတော့ သူ့ဘဝတစ်ခုလုံးမြှုပ်နှံထား‌သည့် နေရာငယ်လေး။

ရေခဲမုန့်စားနေရင်းမှ ကောင်းကောင်းက သက်ငြိမ်အေးကိုလှမ်းခွံ့ကျွေးတတ်သေးသည်။ ရယ်စရာတွေပြောရင်းနှင့် သက်ငြိမ်အေးပခုံးစွန်းများကို သူ့နဖူးနုနုလေးဖြင့်လာလာတိုက်တတ်ပြန်သည်။ ကောင်းကောင်း၏ ဆံပင်လေးများကို ပွတ်သပ်ပေးရင်း သက်ငြိမ်အေးရင်ထဲက စကားတွေပွင့်အံမိ၏။

ချစ်ရေစက်Where stories live. Discover now