Chapter (11)

4.1K 345 19
                                    

ရှင်နေမင်း၏facebook search အပေါ်ဆုံးမှာနေရာယူထားတာကတော့ သက်ငြိမ်အေး accountပင်။ နေ့စဥ်ပုံမှန်သက်ငြိမ်အေး accountထဲကိုဝင်ကြည့်တာ သူ့အတွက်အကျင့်လိုဖြစ်နေပြီ။ ဘာမှသိပ်မတင်သောလူအေးကြီးက တစ်ခါတစ်ရံမှသာကျန်းမာရေးနှင့်ပတ်သက်သည့်postများကို တင်တတ်သည်။ သူ့ပုံသူတင်ဖို့ဆိုဝေး။ အခေါက်ခေါက်အခါခါဝင်ကြည့်ထားတာမို့ postတွေဆိုတာ အလွတ်ရနေပြီ။

messengerကိုဝင်ကြည့်လျှင်တော့ သူတို့နှစ်ယောက်အပြန်အလှန်ပြောထားသည့် ပုံမှန်ဆန်လွန်းသောစကားများကို တွေ့ရပါလိမ့်မည်။ တစ်ခါတစ်ရံဟာသစာများတွေ့လို့ shareပေးလျှင် အူလှိုက်သည်းလှိုက်ရယ်နေပုံ stickerများကိုသက်ငြိမ်အေးက ပြန်ပို့တတ်သည်။ ရှင်နေမင်းရိုက်ထားသမျှ အလည်သွားခဲ့
သောနေရာများနှင့် ရှုခင်းဓာတ်ပုံများကို ပို့ပေးရင်တော့ အလွန်ကောင်းမွန်သည့်ဓာတ်ပုံများနှင့် လှပသောရှုခင်းများဖြစ်ကြောင်း တအံ့တသြချီးကျူးတတ်ပါသေးသည်။ သူ့လူကြီးက ထိုသို့နှယ်ချစ်ဖို့ကောင်း၏။ conversation ၏ အပေါ်ဆုံးမှာသက်ငြိမ်အေးပို့ပေးထားသော သူ့အမေကိုဆေးထည့်ပေးဖို့ လိုအပ်သည့်ပစ္စည်းစာရင်းရှိသည်။ စာရွက်ထဲမှာချရေးပြီးမှ ဓာတ်ပုံရိုက်ပို့ထားခြင်းဖြစ်သည်။ သက်ငြိမ်အေးလက်ရေးက ရှည်မျောမျောလေး။ ဖတ်မရအောင်ထိကြည့်ရဆိုးမနေ။ သပ်ရပ်သောလက်ရေးလက်သားက ရှင်နေမင်းကို ရင်ခုန်စေသည်။

ဒီလူ့လက်ရေးနဲ့ရေးပေးထားတဲ့ သူ့အတွက်ရည်ရွယ်တဲ့စာတစ်စောင်သာရမယ်ဆိုရင်...

ရှင်နေမင်းမှာ သည်လိုလည်းစိတ်ကူးယဥ်မိပါသေးတယ်။ စိတ်ကူးကတော့ စိတ်ကူးနှင့်တင်လမ်းဆုံးရတာပါပဲ။ ရှင်နေမင်းက သက်ငြိမ်အေးရဲ့ မိတ်ဆွေညီလေးဆိုတဲ့ဘောင်အောက်မှာ ငြိမ်ငြိမ်လေးနေပြီး သက်ငြိမ်အေးကို ငေးကြည့်နေရတဲ့သူ။ သူ့မှာဒီထက်ပိုပြီး ဘာအခွင့်အရေးရှိမှာလဲ။ သူဟာ သက်ငြိမ်အေးကိုပေါ်တင်ချစ်ရေးမဆိုနိုင် ချစ်ကြောင်းမဖော်ပြနိုင်တဲ့အစတည်းကရှုံးနိမ့်ပြီးသားသူပါပဲ။

သိက္ခာတွေအကုန်ခဝါချလို့ သက်ငြိမ်အေးနားကပ်တယ်ပဲထား။ သက်ငြိမ်အေးလိုလူကသူ့ကို လက်ခံမတဲ့လား။ သူ့ချစ်သူကိုမြတ်နိုးလွန်းအားကြီးလို့ ထားစရာမရှိဖြစ်နေတဲ့သူက ရှင်နေမင်းကိုပဲ ရအောင်ရှောင်မှာပေါ့။ ရှင်နေမင်းကတော့ အရာရာအရှုံးချည်းပါပဲ။ ဒီလူကို တစ်နေ့ထက်တစ်နေ့ပိုတိုးပြီးချစ်လာရတယ်။ လက်မလျှော့နိုင်တဲ့ သူကဒီလူကိုဆက်ပြီးတော့ ချစ်နေမိအုံးမှာပဲ။ သူ့ရင်ထဲကထုထည်ကြီးမားခိုင်ခံ့လွန်းစွာ ဖြစ်တည်နေတဲ့အချစ်ကို မတားဆီးမဖျောက်ပစ်နိုင်။
အချစ်တွေပဲပိုတိုးလာပြီး ရှေ့ဆက်တိုးလို့မရတဲ့အခါ သူ့ရင်တွေနာရတယ်။

ချစ်ရေစက်Where stories live. Discover now