Chapter (35)

5K 334 4
                                    

ရှင်နေမင်းအတွက် နေ့ရက်တွေက အရာအားလုံး အသစ်တစ်ဖန် ပြန်စတင်နေသလို။ သက်ငြိမ်အေးနှင့် ပြတ်စဲသွားရတာ ခဏလေးဆိုပေမဲ့ သူ့အတွက်တော့ ငရဲတမျှဒုက္ခဆင်းရဲဖြစ်ပြီး အခုလိုပြန်အဆင်ပြေသွားချိန်တွင် အရာရာကလတ်ဆတ်သစ်လွင်နေသည်။ သူတို့ပထမဆုံး ချစ်သူရည်းစားဖြစ်သည့်အချိန်ကို ပြန်ရောက်သွားသလို၊ သက်ငြိမ်အေးကိုပထမဆုံး ရင်ထဲနစ်ဝင်စွာချစ်မိသွားသည့် အချိန်ကိုပြန်ရောက်သွားသလို ခံစားနေရသည်။

အရင်ကထက်ပို မခွဲခွာချင်လောက်အောင် မျက်စိအောက်က အပျောက်မခံချင်လောက်အောင်ပင်။ သူမလိမ်ချင်ပါ။ သက်ငြိမ်အေး သူ့ကိုထပ်ပြီးထားခဲ့မှာကို ကြောက်သည်။ သူတို့ကမချစ်လို့မဟုတ်ဘဲ ရှင်ကွဲကွဲရမယ်ဆို သူ့တွင်တောင့်ခံစရာအင်အားရော ရှင်သန်နိုင်သည့်စွမ်းအားပါ ရှိတော့မှာမဟုတ်။ သူတကယ်ပဲအရာရာကို လက်လျှော့ပစ်လိုက်မှာဖြစ်သည်။

အခု‌လတ်တလောတော့  ရှင်နေမင်းသည် လုံးလုံးလျားလျားကို သက်ငြိမ်အေးအိမ်ဘက်ပြောင်းလာလိုက်သည်။ ခြေထောက်ထိထားသောသက်ငြိမ်အေးအတွက် အခုလိုပြောင်းနေလိုက်တာက အဆင်ပြေဆုံးဖြစ်သည်။ သက်ငြိမ်အေးကလည်း သူ့ကိုမတားပါ။

သူ့အမေသည် ဆယ်ရက်တရားစခန်းမှာ အေးချမ်းစွာရှိနေသည်။ သူနှင့်အမေကတော့ ညဘက်မှသာ တစ်ခါတစ်ရံဖုန်းပြောဖြစ်သည်။ အမေကလဝက်လောက်ထိနေဖြစ်မည်ဟုလည်း ဆိုလာသည်။ တရားစခန်းမှာနေရတာ အေးချမ်းစိတ်ငြိမ်သည့်အပြင် စကားပြောဖော်အများကြီး ရှိသောကြောင့်မပျင်းရဘူးတဲ့လေ။

သူတို့ကို ဖြည်းဖြည်းချင်းလက်ခံပေးရန် ကြိုးစားနေသောမိဘများကြောင့် သူတို့နှစ်ယောက်လိုချင်သောဘဝအတွက် မျှော်လင့်ချက်အလင်းရောင်လေးတစ်စ ပေါ်လာပြီဟု ဆိုနိုင်သည်။


ရှင်နေမင်းသည် သက်ငြိမ်အေးအတွက်ပါရမီဖြည့်ဖက်၊ မှန်ကန်သောလက်တွဲဖော်ဖြစ်လိုသည်။ သူနှင့်သက်ငြိမ်အေး
တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း နေထိုင်ခဲ့သောနေ့ရက်များမှာ အတိုင်းမသိပျော်ရွှင်ခဲ့တာမို့ ရှေ့ဆက်မည့်နေ့ရက်များကလည်း ထိုသို့ထပ်တူကျလိမ့်မည်ဆိုတာ သူယုံသည်။

ချစ်ရေစက်Where stories live. Discover now