Chapter (25)

4.7K 381 23
                                    

သက်ငြိမ်အေးသည်တစ်နေကုန်caseပေါင်းစုံနှင့် အလုပ်ရှုပ်လိုက် စာဖတ်လိုက်ဖြင့် အလုပ်များနေခဲ့တာ ညနေလေးနာရီလောက်မှနားရတော့သည်။ နေ့လယ်တုန်းကလည်း clinical လာသည့်ကျောင်းသားတွေကို စာသင်ရမည့်နေ့ဖြစ်သည့်အပြင် လူနာလည်းအဆင်သင့်ရှိနေတာမို့ သင်ကောင်းကောင်းဖြင့်သင်လိုက်တာ ၂နာရီခွဲကျော်မှပြီးသည်။

ဒါတွေက သူ၏နေ့စဥ်ပုံမှန်ဘဝပင်။

သက်ငြိမ်အေးသည် အလုပ်များပြီးစီးတော့ ခဏနားနေရင်း လက်ဖက်ရည်ကိုတစိမ့်စိမ့်သောက်နေလိုက်သည်။  ဖုန်းကိုဖွင့်ကြည့်တော့ facebookကနေnotiတစ်ခုတက်နေသည်။ Shin Nay account ကနေသူ့ကိုpostတစ်ခု tagတွဲကာတင်ထားခြင်းဖြစ်သည်။

postကိုအလျင်အမြန်ဝင်ကြည့်လိုက်သည်။ မနက်ကသူ့ကို ဆေးရုံလိုက်ပို့ရင်း မီးပွိုင့်မိနေသည့်အချိန် ရှင်နေမင်းကသူ့လက်ကိုဆွဲယူကိုင်ကာ ရိုက်ထားသော
ဓာတ်ပုံကိုတင်ထားခြင်းဖြစ်သည်။ captionက /ဒီနေ့လည်းအတူရှိနေတယ်/ တဲ့။

7 hrs agoလို့ပေါ်နေသည့် postကိုအလျင်အမြန်heart reactပေးလိုက်သည်။ အောက်မှာလည်း /အမြဲတမ်းကိုယ်မင်းနဲ့အတူရှိ‌မယ်/ဟု comment ရေးလိုက်သည်။ မနက်သူ့ကိုဆေးရုံပို့ပြီးပြီးချင်း တင်ထားတာမို့ရှင်နေမင်းpostမှာသူက first react, first comment တော့မဟုတ်ပေ။

နေပါဦး မနက်တည်းကတင်ထားတာဆိုရင် သူကတစ်နေ့လုံးရှင်နေမင်းကိုပစ်ထားသလိုဖြစ်နေတာပေါ့။

အလုပ်တွေရှုပ်နေခဲ့တာမှန်ပေမဲ့ postတစ်ခုတောင်ဝင်ကြည့်ဖို့အချိန်မရှိတာထိတော့မဟုတ် သူထမင်းစားချိန်နားသေးသည်။ ဘယ်နှမိနစ်မှမကြာသော ကိစ္စရပ်တစ်ခုလေးတောင် လုပ်မပေးနိုင်ခဲ့သည့်ပုံဖြစ်သွားတာ။ ဒါပေမဲ့ သူတကယ်ကိုမမြင်တာဖြစ်သည်။ social mediaတွေသုံးနေကျသူမဟုတ်တာမို့ facebookထဲကိုဝင်ကြည့်ဖို့စိတ်ကူးမရှိခဲ့တာ။

ဒါပေမဲ့ ဒါတွေအားလုံးဟာဆင်ခြေပါပဲ။ နောက်ဆုံးတော့သူကရှင်နေမင်းကို အသေးငယ်ဆုံးသောအရေးစိုက်မှုလေးတောင် မပေးနိုင်တဲ့သူဆိုသည့် အမှန်တရားက ပြောင်းလဲသွားမှာမဟုတ်ပေ။

ရှင်နေမင်း(မောင်) ဟုတမြတ်တနိုးမှတ်ထားမိသော contact nameကိုသူဖုန်းခေါ်လိုက်သည်။ ကိုယ့်ထက်အသက်ငယ်သည့် ချစ်သူကောင်လေးကို သုံးနှုန်းဖို့နာမ်စားတွေအများကြီး သူမစဥ်းစားနိုင်ခဲ့။ ပြန်ပြောင်းဖို့လုပ်ပေမဲ့ တစ်ယောက်သောသူအတွက်သာရည်ညွှန်းတယ်ဆိုသောအသိကြောင့် ကြည်နူးရင်ခုန်စိတ်တွေဖြစ်လာတာမို့ မပြောင်းမိတော့ပေ။

ချစ်ရေစက်Место, где живут истории. Откройте их для себя