Chapter (38)

3.8K 283 0
                                    

ဒေါ်ခင်နွယ်ရှင်သည် ယနေ့တွင်ဧည့်သည်ရောက်လာမှာမို့ အစောတည်းက ရေမိုးချိုးပြီးပြင်ဆင်ထားမိသည်။ သူမ၏ဧည့်သည်အများစုက ဒီအသိုင်းအဝိုင်းထဲကပဲမို့ ဂုဏ်တုဂုဏ်ပြိုင်တွေလုပ်ကြတာ ထုံးစံ။ ပတ္တမြားလက်ကောက်တစ်ရံကို ဒေါ်ခင်နွယ်ရှင် ကြိုက်မကြိုက်လာပြရင်း အိမ်မရောက်တာကြာပြီမို့ အလည်လာခဲ့မည်ဟု ဒေါ်ထားထားဝင်းကတမြန်မနေ့ကပဲ ဖုန်းဆက်ပြောထားခြင်းဖြစ်သည်။

နေ့လယ် ၁နာရီကျော်လောက်မှ ဒေါ်ထားထားဝင်းက ကားတစ်စီးဖြင့် ပေါက်ချလာသည်။

"အမယ်လေးပူလိုက်တာ အိမ်ပြရတာကလည်းအဆင်ပြေမလားမှတ်တယ် ဒီတစ်အိမ်လည်းမကြိုက်ပြန်ဘူးတဲ့ရှင်...ကျွန်မမှာဖတ်ဖတ်ကိုမောနေတာပဲ နေ့လယ်စာမစားရသေးဘူး"

"ဒီမှာစားသွားပါလား မထားရဲ့ ကျွန်မထမင်းခူးလိုက်မယ်လေ"

"နေပါစေ မခင်ရယ် ရတယ်...စောနက
ဟမ်ဘာဂါတစ်လုံးစားထားတယ် ရတယ်ဒီကပြန်အိမ်ရောက်မှသာစားတော့မယ်ဘယ်လိုလဲ ဒီအတောတွင်းနေကောင်းကြရဲ့မလား..."

"ကောင်းပါတယ်ရှင် တင်ပါးကိုခွဲပြီးတည်းက ကျွန်မမယ်ဒီပြင်ကြီးကြီးမားမားကိုမဖြစ်ရဲတော့တာပါပဲ"

စကားစလိုက်တာနှင့် ဟိုဟိုသည်သည်ပြောစရာအကြောင်းတို့က ပေါ်လာသည်။ ဒီအသိုင်းဝိုင်းထဲ လုပ်သမျှ အလှူ မင်္ဂလာဆောင်စသည့်အကြောင်းအရာများကအစ ဘယ်သူ့အိမ်၏ သားကြီးကတော့ ဘာတွေလုပ်နေပြီရယ်အဆုံး။

"ရှင်နေမင်းလေးတောင် ရန်ကုန်မှာနောက်တစ်ဆိုင်ဖွင့်ဖို့ပြင်နေတာဆို"

"ဟုတ်တယ်မထားရယ် ဖြည်းဖြည်းချင်းလုပ်နေတယ်ပြောတယ်...ဒီဘက်မူလဆိုင်ကိုလည်း အဆင်မြှင့်ချင်သေးတာဆိုတော့လေ"

"မခင်သားတို့များ တော်လိုက်တာနော် စီးပွားရေးအမြော်အမြင်လည်းရှိပါ့... စားသောက်ဆိုင်အပြင် ရှယ်ယာဝင်ထားတဲ့လုပ်ငန်းတွေလည်းရှိတယ်ဆို ရန်ကုန်ကကျွန်မသားကတောင်ပြောနေတယ် ရှင်နေမင်းစီးပွားရေးအကွက်မြင်မှုက ရန်ကုန်ထိတောင်ရောက်လာပြီတဲ့...မခင်တို့ကတော့သားလေးကြောင့် စံစားရအုံးမှာပါပဲ"

ချစ်ရေစက်حيث تعيش القصص. اكتشف الآن