Chapter (10)

4.3K 372 9
                                    

ရှင်နေမင်းအမေ ဆေးရုံကဆင်းတာ၂လပြည့်သောအချိန်တွင် ခွဲထားသော
အနာက အသားများတက်ကာပြည့်လာပြီ။ ပိတ်ဖို့ကျန်နေသည့်နေရာအသေးစားကို ဆေးဆက်ထည့်ပေးဖို့ ဒေါက်တာသက်ငြိမ်အေးက အိမ်ကဝန်ထမ်းကောင်မလေးကိုသေချာသင်ပြပေးခဲ့လေသည်။ ထို့ကြောင့် သက်ငြိမ်အေးမှာ ဒေါ်ခင်နွယ်ရှင်အိမ်သို့ သွားရန်မလိုတော့ပေ။

ဆောင်းတသက်ကတော့ ရံဖန်ရံခါတွင် မေလှိုင်းချိုဆီလာလည်တတ်ကာ ရှင်နေမင်းအမေနှင့်ပင် ခင်မင်နေလေပြီ။
ရှင်နေမင်းမှာတော့ ဒေါက်တာသက်ငြိမ်အေးနှင့် နီးမလိုဆက်ဆံရေးလေးကနေ ပြန်လည်ဝေးကွာသွားရပြန်၏။
အဝေးကနေ တသသလွမ်းရသောဆက်ဆံရေးပေမို့ ရှင်နေမင်းမှာတွေ့ချင်မြင်ချင်သော ဆန္ဒတို့ကိုအတင်းမျိုသိပ်ထားရလေသည်။

သက်ငြိမ်အေးနှင့်တွေ့စရာ အကြောင်းရင်းကလည်းရှားပါး၊ ရည်းစားရှိသည့် သူကိုပေါ်တင်ပိုးပန်းဖို့ကလည်း မလုပ်သင့်၊ အိမ်ကိုခဏခဏသွားလည်ရအောင်ကလည်း သူများသမီးပျိုနှမကလေးတစ်ယောက်ပဲ ရှိသည့်အိမ်မို့မကောင်းတတ်နှင့် ရှင်နေမင်းမှာသူ့အခြေအနေကို စိတ်ကုန်လှပြီ။

တစ်ခုသောတနင်္ဂနွေနေ့မှာတော့ မေလှိုင်းချိုက ရှင်နေမင်းကိုစျေးဝယ်ထွက်ရာမှာလိုက်ပို့ပေးဖို့ တောင်းဆိုလာလေသည်။ အခုထိကားမမောင်းတတ်သေးသည့် သူ့အစ်မက အပြင်သွားဖို့အတွက်သူများကို အားကိုးရတုန်း။  ရှင်နေမင်းက ကတ်သီးကတ်ဖဲ့လုပ်တတ်သူမဟုတ်ပါ။ အချိန်လည်းရှိနေတာမို့ လိုက်ပို့ပေးလိုက်သည်။

ဝယ်ခြမ်းစရာများနေသည့် မေလှိုင်းချိုက
Mingalar Mandalay ကိုစုံနေအောင်ပတ်လေသည်။ ရှင်နေမင်းမှာ အမေ့ကိုစျေးလိုက်ပို့နေကျအတွေ့အကြုံရော အရင်ရည်းစားများကိုshoppingလိုက်ပို့ဖူးသည့်အတွေ့အကြုံများပါရှိတာမို့ သိပ်ပြီးလည်းစောဒကတက်မနေတော့ပါ။ မေလှိုင်းချိုကို စိတ်ချမ်းသာသလိုလုပ်ပါတော့ဆိုသည့် စိတ်ကိုနှလုံးသွင်းကာ လွှတ်ထားလိုက်တော့သည်။

ဝယ်ပြီးတော့လည်း မပြီးသေး... Lotteria ကကြက်ကြော်စားချင်သေးတယ် ဆိုလာတာကြောင့် ဆိုင်ထဲကိုရောက်ရပြန်သည်။ ဝယ်လာသောအထုပ်တွေကို နေရာမှာချကာ စားစရာသွားမှာမည်အပြု မေလှိုင်းချိုက သူ့လက်ကိုဆွဲကာဆိုင်အတွင်းတစ်နေရာသို့ လက်ညှိုးထိုးပြလေသည်။

ချစ်ရေစက်Where stories live. Discover now