ကျေးဇူးတင်လွှာ

1.1K 109 23
                                    

ချစ်ရေစက် ဆိုတဲ့fictionလေးကို လှပစွာအဆုံးသတ်နိုင်ခဲ့ပါပြီ။ ပထမဆုံးရေးတဲ့fictionကို အဆုံးထိအပြီးသတ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မိပါတယ်။ ဖတ်ပေးခဲ့တဲ့ readerတစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်။

2021 November မှာအမေဆေးရုံတက်တာ လိုက်စောင့်ပေးရင်းideaရခဲ့တဲ့ ဇာတ်လမ်းလေးပါ။ စစချင်းမှာ /အမေဆေးရုံတက်တာကိုစောင့်ပေးရင်း တာဝန်ကျဆရာဝန်တစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပြီး လိုက်ပိုးပန်းတဲ့ကောင်လေးတစ်ယောက်/ ကိုပဲ အာရုံထဲပုံဖော်မိတာ။နောက်တော့တဖြည်းဖြည်းနဲ့ ဇာတ်လမ်းအကြမ်းဖျဥ်းကို စိတ်ကူးလို့ရသွားခဲ့တယ်။ ဇာတ်ကောင်နာမည်တွေစဥ်းစားရတဲ့အချိန်မှာ နည်းနည်းအခက်အခဲဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ သက်ငြိမ်အေး ဆိုတဲ့နာမည်လေးစဥ်းစားမိတဲ့အချိန် လှိုက်ခနဲဖြစ်လာတဲ့အပျော်တွေနဲ့ တငြိမ့်ငြိမ့်လေးရင်ထဲရောက်လာတဲ့ အပျော်တွေကို အခုထိမှတ်မိသေးတယ်။

ရှင်နေမင်း ဆိုတဲ့နာမည်ကို ခင်မောင်တိုးရဲ့ "လင်းပါလေ ရှင်နေမင်း" ဆိုတဲ့သီချင်းကိုနားထောင်ရင်းပေးမိသွားတာပါ။ နာမည်လေးကအဓိပ္ပာယ်ပြည့်ဝပြီး နွေးထွေးလင်းလက်တယ်လို့ခံစားရတယ်။

အပိုင်းသစ်မတင်ခင် အမြဲတမ်းစာကူစစ်ပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်။

ချစ်ရေစက်မှာ ကိုယ်ဖော်ပြချင်တာက တစ်ယောက်နဲ့တစ်ယောက်ညီမျှနေတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါ။ ကိုယ်တစ်ယောက်တည်းကပဲ တစ်ဖက်သတ်ပေးဆပ်နေရတာမဟုတ်ဘဲ ကိုယ်မေတ္တာနဲ့တန်တဲ့ ကိုယ့်မေတ္တာမှန်ကိုထပ်တူညီစွာ တုံ့ပြန်ခြင်းခံရတဲ့ ချစ်ခြင်းတရားတွေက ပိုပြီးသက်ဝင်လှပကြောင်းကိုပါ။

နောက်ပြီးတော့ မိဘမေတ္တာနဲ့မိခင်တစ်ယောက်ရဲ့တည်ရှိမှုက အရေးပါမှုတွေ။ မိသားစုရဲ့ကောင်းမွန်နွေးထွေးမှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေ။
နောက်ထပ်ကိုယ်နဲ့သင့်တော်ပြီး toxic peopleတွေမရှိတဲ့အသိုင်းအဝန်းနဲ့ သူငယ်ချင်းကောင်းတွေရဲ့အရေးပါပုံတွေ။ ဒါတွေကိုလည်း တတ်နိုင်သလောက်ဖော်ပြထားပါတယ်။

ချစ်ရေစက်Where stories live. Discover now