Chapter (13)

4.1K 363 21
                                    

နေ့တဓူဝ လုပ်ငန်းကိစ္စများက သက်ငြိမ်အေးအတွက် နေသားကျနေပြီဆိုပေမဲ့ တစ်ခါတစ်ရံတွင်ဟန်ပင်မဆောင်နိုင်လောက်အောင် ပင်ပန်းရသည့်နေ့ရက်များလည်းရှိသည်။ လူတစ်ယောက်၏
အသက်ကိုတာဝန်ယူထားရသော အလုပ်ကထင်တာထက်ကိုပိုပင်ပန်းရသည်။ သို့ရာတွင် အလုပ်ကနေရသောပျော်ရွှင်မှု ဝမ်းသာစရာများကလည်း ဘာနှင့်မှလဲမရနိုင်အောင် ကောင်းမွန်လွန်းပြန်သည်။

သက်ငြိမ်အေးက အလုပ်နှင့်
ကိုယ်ရေးကိုယ်တာကို သေချာခွဲခြားတတ်သူဖြစ်ပြီး သူ့ဘဝတွင်ဤကဲ့သို့ အခြေအနေပျက်ယွင်းမှုတွေမဖြစ်ရတာ အတော်ကြာခဲ့ပြီဖြစ်သည်။ အခုတော့သူဟာ အချိန်ရှိသရွေ့ဖုန်းကိုတကြည့်ကြည့်ဖြင့် ဂနာမငြိမ်နိုင်သူတစ်ယောက် ဖြစ်နေပြီ။

"ကိုကိုကျွန်တော့်ကို လာမကြိုနဲ့တော့" ဟူသည့်စာတစ်စောင်သာပို့ပြီး သူ့ကို
အဆက်အသွယ်ဖြတ်ထားသည့် ကောင်းကောင်းကြောင့်ပင်။ ဘာကြောင့်လဲ ဘာလို့လာမကြိုခိုင်းတာလဲဆိုသည့် အကြောင်းအရင်းတစ်ခုမှ မေးမရအောင်ကောင်းကောင်းက ထိုစာပို့ပြီးစက်ပိတ်ထားသည်။

ထက်ရှားဦးကရော ထိုခရီးကိုအတူလိုက်သလားဆိုသည့် မေးခွန်းအတွက်တော့သက်ငြိမ်အေးအဖြေရခဲ့ပါ၏။ ကောင်းကောင်းဆီကကြားရတာတော့မဟုတ်။ ကောင်းကောင်းနှင့်ခရီးအတူသွားသည့်သူတစ်ယောက်က အုပ်စုလိုက်ဓာတ်ပုံကို သူ၏အကောင့််ပေါ်မှာတင်ထားတာကို သက်ငြိမ်အေးမြင်သွားခြင်းဖြစ်သည်။ ထိုဓာတ်ပုံထဲမှာ ထက်ရှားဦးလည်းပါနေခဲ့သည်။

ဝမ်းနည်းမှု ခံပြင်းမှုတွေခံစားနေရင်းနှင့်မှ အဆက်မသွယ်မလုပ်သည့်ချစ်သူကြောင့် တစ်ဖန်စိတ်ပူရခြင်း ခံစားချက်တွေရောထွေးကာ သက်ငြိမ်အေးမှာအလုပ်ကို လည်း ကောင်းမွန်စွာမလုပ်နိုင်။ သက်ပြင်းတချချဖြင့် အတွေးပေါင်းစုံမှာ ရှုပ်ယှက်ခတ်လောက်အောင် ပြေးလွှားနေကြသည်။ ဒီအချိန်ဆို ခရီးကပြန်ရောက်ပြီလား၊ ဘာတစ်ခုမှမသိရဘဲ သူ့ကိုမွန်းကြပ်ပိတ်လှောင်မှုတွေနှင့် ကောင်းကောင်းကထားရစ်ခဲ့သည်။

‌(၂)ရက်အကြာမှာတော့ ကောင်းကောင်းကဖုန်းပြန်ဖြေလာသည်။ ပထမဆုံးအကြိမ် ကိုယ့်ချစ်သူကိုသူစိမ်းတစ်ယောက်လို ခံစားမိခြင်း။

ချစ်ရေစက်Where stories live. Discover now