ချစ်ရေစက်

2.1K 138 13
                                    

Thet Nyain Aye's Diary

လူတစ်ယောက်နဲ့အချိန်အကြာကြီး အတူရှိနိုင်တာက ကံကောင်းခြင်းတစ်မျိုးပါပဲ။

သက်ငြိမ်အေးက ရောင့်ရဲခြင်းကို ဘဝတလျှောက်လုံးကျင့်သုံးခဲ့တာ။ လူ၊ အရာဝတ္ထုတော်တော်များများအပေါ် တပ်မက်ခြင်းကင်းမဲ့ခဲ့တယ်။ သူသည် ရောင့်ရဲခြင်းမှာနေသားကျသထက်ကျလာရင်း လောဘတရားတို့ပါကျဆင်းလာတယ်။ သူ့ဘဝတွင်ဘယ်သူမှမရှိဘဲ အထီးကျန်ခြောက်သွေ့နေခဲ့ခြင်းက သူသည်မည်သူ့ကိုမှ မဆွဲထားခဲ့၍။ အရင်ဆက်ဆံရေးမှာသူအရှုံးသမားသဖွယ်ဖြစ်ခဲ့ခြင်းကလည်း သူ့အပြစ်တို့တစ်စိတ်တဒေသတော့ ပါဝင်တယ်။

သူက သူရဲ့နေရောင်ခြည်လေးအပေါ်ကိုလည်း လောဘတို့ကင်းမဲ့ခဲ့ဖူးသည်။ အစတည်းကပိုင်ဆိုင်ချင်စိတ်မရှိခဲ့တဲ့သူဖြစ်ပေမဲ့ ရင်းနှီးကျွမ်းဝင်ခဲ့စဥ်တလျှောက်လုံးမယ်တော့ ဒီသံယောဇဥ်လေးက ဘဝတစ်သက်တာလုံးထိပါလာရင်ကောင်းမယ်လို့တော့ တောင့်တခဲ့ပါသည်။

ချစ်ရသူများကို လက်လွှတ်ဆုံးရှုံးပြီးတဲ့နောက်မှာ ဘယ်အရာကိုမှမျှော်လင့်ချက်မထားချင်တော့ပေ။ တစ်ယောက်တည်းနေဖို့ကံပါလာပြီးသားလို့ နှလုံးပိုက်ကာဘဝကိုအေးဆေးစွာ တစ်ကိုယ်ရည်ဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

ဒီလိုကာလတွေတစ်လျှောက်လုံးမှာ ရှင်နေမင်းက သူ့အတွက်နွေးထွေးခြင်းတွေပေးခဲ့ပြီး အဆုံးမှာတော့သူဖမ်းဆုပ်ရမဲ့မျှော်လင့်ချက်လေးဖြစ်သွားခဲ့သည်။ သက်ငြိမ်အေးက တုံးအတဲ့သူမဟုတ်ပေ။ ဤနေခြည်နွေးလိုလူသားကို သူပိုင်ဆိုင်နိုင်တယ်လို့အချိန်တိုအတွင်းသဘောပေါက်ခဲ့ပြီး တစ်သက်တာပျော်ရွှင်မှုကို ဖမ်းဆုပ်နိုင်ခဲ့တယ်။

ရှင်နေမင်းက သူ့ရဲ့တစ်ခုတည်းသောလောဘပါပဲ။



ဒါကိုတောင်ရှင်နေမင်းကို လက်လွှတ်ဖို့သူဆုံးဖြတ်မိသေးတယ်။ ထိုအချိန်တုန်းကတော့ ဖြစ်သင့်တဲ့အရာပါလို့ ဆုံးဖြတ်ချက်ပြတ်သားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြန်တွေးလေတိုင်း သူဟာသက်မချရသည်။ အဲလိုပဲရှင်နေမင်းကိုထားပစ်ခဲ့ရင် ဒီအချိန်မှာနောင်တတရားတို့နဲ့တမြေ့မြေ့သေဆုံးသွားမဲ့သူက သူပဲဖြစ်လောက်မယ်။ ဒီအရာက သူ့ရဲ့တစ်ခုတည်းသောအကြောက်တရားဖြစ်လာတယ်။

ချစ်ရေစက်Onde histórias criam vida. Descubra agora