Chapter (39)ဇာတ်သိမ်းပိုင်း

1.2K 28 2
                                    

ဆေးရုံဝန်းထဲကနေ ကားထွက်လာပြီးလမ်း၃၀ပေါ်ရောက်ချိန်တွင် ည၇နာရီထိုးလုပြီ။ မှောင်ရိပ်စသန်းပြီဖြစ်သောကြောင့် ကားများနှင့်ဆိုင်ကယ်များကမီးဖွင့်မောင်းနှင်နေကြပြီဖြစ်သည်။အလုပ်ကနေ အိမ်ပြန်ချိန်များသည် နွမ်းနယ်နေသောစိတ်အစဉ်ကို သယ်ဆောင်ထားရသော အချိန်ပေမဲ့ သက်ငြိမ်အေးကတော့တက်ကြွနေမိသည်။

/ဒီနေ့ကျွန်တော့်ဆိုင်မှာပဲ ညစာစားရအောင်...အလုပ်ပြီးတာနဲ့တန်းလာခဲ့နော်အစ်ကို ကျွန်တော်ဆိုင်မှာပဲစောင့်နေမယ်/

သက်ငြိမ်အေးဂျူတီလဲချိန်မှ ကြည့်မိသောမက်ဆေ့ဖြစ်သည်။ ချစ်သူကောင်လေးနှင့်ချိန်းတွေ့ရမည့်ကိစ္စမှာ မည်သူကမတက်ကြွဘဲ ရှိလိမ့်မည်နည်း။

အကြာကြီးစောင့်နေရသော မီးပွိုင့်သည်လည်း စိတ်ကိုမရိုးမရွဖြစ်စေသည်။ ကားဟွန်းတီးသံ ဆူညံညံများကိုလည်း မေ့ထားနိုင်သည်။ ဦးတည်ရာတူညီသော
လမ်းကြောင်းပေါ်မှာ သွားလာနေကြသူတွေထဲမှာ သက်ငြိမ်အေး၏ဦးတည်
ရာကတော့အချစ်ရှိရာဆီ။

သက်ငြိမ်အေးခြေထောက်ဒဏ်ရာ ပြန်သက်သာပြီးတည်းက သူတို့နှစ်ယောက်သည်အရင်လိုအချိန်ပြည့်အတူနေကြသော ချစ်သူအတွဲမဟုတ်တော့ပေ။ ရှင်နေမင်းက သူ့မိဘတွေဆီကိုပုံမှန်အ
တိုင်း အချိန်ပြန်ပေးသည်။ ရှင်နေမင်းမရှိသော နေ့ရက်များတွင်သက်ငြိမ်အေးအတွက် သူ့ဘဝတစ်ဝက်ပျောက်ဆုံးသွားသလို ခံစားရသည်။ ဒါတောင် ရှင်နေမင်းကိုလမ်းခွဲဖို့ စဉ်းစားရဲတာလဲသူမသိ။ ထိုအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေတာပဲ ဖြစ်မည်။
အသက်ရှူရတာတောင်နာကျင်နေရသော နေ့ရက်များမှာ နေနိုင်တယ်လို့ကိုယ့်ကိုယ်ကိုယ်လိမ်ညာနေရင်းရှင်နေမင်း
၏အရိပ်လေးဖြစ်ဖြစ်ဖမ်းဆုပ်ချင်နေသောအခိုက်အတန့်များမှာ ဦးနှောက်အလုပ်လုပ်ပုံတွေတောင် မှားယွင်းသွားခဲ့လောက်မည်။

သူနှင့်ရှင်နေမင်းသည် အကျင့်စရိုက်၊ နောက်ခံအခြေအနေ၊ အကြိုက်စသည်တို့
လုံးဝမတူညီခြားနားသော သူများဖြစ်သည်။ သို့ရာတွင် နှလုံးသားချင်းထပ်တူကျပြီး စိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာထိ ချည်နှောင်မိကြသည်။ ထိုအရာသည် ရှင်းပြမရသောထူးခြားဖြစ်စဉ်တစ်ခုနှယ်။

ချစ်ရေစက်Onde histórias criam vida. Descubra agora