Chapter (30)

4K 332 16
                                    

ဘဝမှာမထင်မှတ်ထားသောကိစ္စတွေ ကြုံနိုင်ပြီး မည်သို့သောအရာတွေကြုံလာပါစေ ရင်ဆိုင်နိုင်ဖို့၊ ခံယူလက်ခံနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ အများကြီးလိုအပ်တယ်ဆိုတာကို သူကိုယ်တိုင်သိနားလည်ရမည့် တစ်နေ့ရောက်လာခဲ့သည်။
သက်ငြိမ်အေးက သူ့ချစ်သူပါလို့
အစတည်းက ဖွင့်ပြောမယ်လို့ဆုံးဖြတ်ထားပေမဲ့ ရှင်နေမင်းမှာ နေ့ရက်တွေရွှေ့မိခဲ့သည်။ ဖြစ်လာသမျှ ရင်ဆိုင်ရမည့်အချိန်ကို တတ်နိုင်သလောက်ဆွဲဆန့်ထားမိ၏။

ဒါပေမဲ့လည်း ဖြစ်လာသည့်အကြောင်းတရားကိုတော့ ရှောင်လွှဲလို့မရခဲ့ပါချေ။ ပတ်ဝန်းကျင်ဆိုသော
အရာကိုလည်း တားဆီး၍မရခဲ့။

သူတို့နှစ်ယောက်အကြောင်းကို facebookပေါ်ကနေတစ်ဆင့် သိသွားသည့် အမေ့မိတ်ဆွေသည် အမေ့ကိုအိမ်တိုင်ရာရောက် လာပြောလေ၏။ သူ့အမေ ဒေါ်ခင်နွယ်ရှင်ဆီကို သူတို့နှစ်ယောက်အကြောင်း လာပြောမည့်သူရှိလာမည့်အကြောင်း အိမ်မက်ထဲယောင်လို့ပင် မမက်ခဲ့ဖူးပေ။ အမေကမယုံကြည်နိုင်သေးဘဲ ရှင်နေမင်းအိမ်ကိုရောက်ချလာသည်။ ရှင်နေမင်းမရှိပေမဲ့ သူ့အခန်းထဲမှာ ထောင်ထားသော photo standတွေကိုတွေ့သွားခဲ့သည်။

ရလဒ်ကတော့ ရှင်နေမင်းကို သူ့အဖေဖုန်းဆက်လာချိန်တွင် သူ့အမေမှာဘာစကားမှမပြောဘဲ အခန်းထဲဝင်လှဲနေသည်တဲ့။

စိတ်ကိုအသင့်ပြင်ဆင်ထားမိသော်လည်း တုန်လှုပ်မှုကတော့ပြင်းထန်သည်။ သူ့အမေဘယ်လောက်ထိ စိတ်လှုပ်ရှားမှုပြင်းသွားကြောင်းကို မှန်းကြည့်ရုံနှင့်တင်ခန့်မှန်းလို့ရနေသည်။ သူအစတည်းကဖွင့်ပြောလိုက်သင့်တာ။ သူစပြီး သက်ငြိမ်အေးကိုသဘောကျမိတည်းက သူ့မိဘတွေကို ဖွင့်ပြောလိုက်ခဲ့သင့်တာ။

ရှင်နေမင်းသည် ၁၅လမ်းအိမ်ကိုချက်ချင်းရောက်လာသည်။ အိမ်မှာကူပေးသော ကောင်မလေးကို အခြေအနေမေးကြည့်တော့ အမေက သူ့အိမ်ကနေ
ပြန်လာပြီးတည်းက အခန်းထဲကနေမ
ထွက်ဘူးတဲ့လေ။ သူ့အဖေကတော့ အမေ့ကို ချောမော့ပြောနေသည်။ ရှင်နေမင်းလည်း အသက်ဝဝရှူလို့အပေါ်ထပ်က သူ့မိဘအခန်းထဲဝင်လိုက်သည်။

ချစ်ရေစက်Where stories live. Discover now