Chapter (27)

4.3K 360 9
                                    

ဦးညီမင်းလွင်ပွဲရုံမသွားသော
နေ့ဖြစ်သည့်အပြင် ရှင်နေမင်းပါရောက်နေတာမို့ အိမ်တွင်လူစုံနေသည်။ ထို့ကြောင့်အမေကစိတ်လိုလက်ရ အုန်းနို့ခေါက်ဆွဲချက်ကျွေးသည်။ သွေးမတက်အောင်အုန်းနို့အစား နို့စိမ်းနှင့်ချက်တာပေမဲ့အမေ့လက်ရာကြောင့် စားလို့အရမ်းကောင်းနေရာ ရှင်နေမင်းဗိုက်ထဲနှစ်ပန်းကန်လောက်ဝင်သွားသည်။ အပြန်ကျလျှင် သက်ငြိမ်အေးအတွက်ယူသွားဖို့လည်း သူ့မမေ့။

ရဲ့ရင့်စွမ်းနှင့်ဆောင်းတသက်တို့
မင်္ဂလာဆောင်နေ့က ဓာတ်ပုံများလည်းရပြီဖြစ်သဖြင့် အယ်လ်ဘမ်ထဲထည့်ကာ သူ့မိဘတွေကိုပြလိုက်သည်။ သတို့သမီး၏
မိဘများသဖွယ်ဖြစ်နေတာမို့ ရှင်နေမင်းမိဘတွေပုံတွေသည် မနည်းမနောရလာသည်။

"နောက်ဆုံးတော့ရဲရင့်စွမ်းတောင် အခြေကျသွားပြီ...ဇနီးကောင်းလေးရတာ သိပ်ကံကောင်းတာပဲ"

အမေက ရဲရင့်စွမ်းနှင့်ဆောင်းတသက်ပုံကိုကြည့်ပြီး ကြည်နူးပီတိဖြစ်စွာဆိုရှာသည်။ ရှင်နေမင်းလည်း ရဲရင့်စွမ်းအတွက်ဝမ်းသာပါသည်။ ချစ်သောသူနှင့်ပေါင်းဖက်ခွင့်ရတာ အလွန်ကိုမှကံကောင်းလွန်းသည်ပဲ။

"ဒီမှာသားတို့သုံးယောက်လုံးအရမ်းချောတယ်"

အဖေက သူတို့သူငယ်ချင်းသုံးယောက်အတူရိုက်ထားသောပုံကိုပြကာ အမေ့ကိုပြောသည်။ ရှင်နေမင်းကတော့ အဖေပြောတာကိုခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံလိုက်သည်။

"မေလှိုင်းချိုလေး တော်တော်လှတာပဲ ငါ့တူမလည်းမင်္ဂလာဆောင်ရင် ဒီထက်ပိုလှဦးမှာ သမီးလေးဆောင်းတသက်ကတော့လှတာပြောမနေနဲ့တော့...ကျွန်မမှာမိတ်ကပ်ဆရာကိုသေချာရှာပေးထားတာလေ မမြရွှေဝါကဒါတွေကျသိပ်မသိဘူး"

စကားတွေပြောလိုက် ဓာတ်ပုံအတူကြည့်လိုက်နှင့် ပနံသင့်နေသော သူ့မိဘတွေကိုကြည့်ရင်း ရှင်နေမင်းပြုံးမိသည်။ နှစ်ပေါင်း၃၀နီးပါးလောက်အတူနေခဲ့သော ဆက်ဆံရေးသည် နွေးထွေးနှစ်လိုဖွယ်ကောင်းလွန်းသည်။ သစ္စာတရား၊ ယုံကြည်နားလည်မှုအပြင် ခိုင်မာသောသမုဒယနှောင်ကြိုးများက နှစ်တွေကြာလေ ပိုပြီးခိုင်မြဲလာလေ။

ချစ်ရေစက်Where stories live. Discover now