Chapter (29)

4.3K 339 5
                                    

မကြာသေးခင်ကမှပြီးသွားသော သက်ငြိမ်အေး၏မွေးနေ့ကရက်အတော်ကြာသည်ထိ အမှတ်တရရှိနေဆဲ။ ဘယ်လောက်တောင် ပျော်ရွှင်မိလဲဆိုတာ သက်ငြိမ်အေးအသိဆုံးပင်။ ဆွမ်းဆန်ထဲကြွက်ချေးရောသလိုမျိုး အဆင်ဆိုးသည့်ကိစ္စတစ်ခုကြုံခဲ့ရပေမဲ့ ရှင်နေမင်းကြောင့်ထိုအရာသည် မဆိုသလောက်ကိစ္စလေးဖြစ်သွားခဲ့သည်။

အကယ်၍သာ ရှင်နေမင်းမရှိခဲ့ဘူးဆိုလျှင်...သူနောက်တစ်ကြိမ်ထပ်ချစ်မိသွားစရာအကြောင်း မရှိပါသလို အတိတ်ကဒဏ်ရာတွေထဲကလည်း ရုန်းထွက်နိုင်မှာမဟုတ်ပေ။ ထိုနေ့ကကောင်းသက်တံလင်း၏ တစ်ကိုယ်ကောင်းဆန်ဆန်စကားများမှာ ပိတ်မိနေရင်းသူ့ကိုယ်သူအဆုံးမရှိတဲ့ အတွေးနွံထဲလှောင်ပိတ်မိလိမ့်မည်။
မွေးနေ့ညမှာအထီးကျန်လွန်းစွာ ဖြတ်သန်းနေရပြီး အရင်ကဒဏ်ရာဟောင်းကို သတိရလို့သောကဗျာပါဒတပွေ့တပိုက်ခံစားနေရလောက်မည်။ နောက်ထပ်နေ့ရက်တိုင်းကလည်း အခုလိုမျိုးသက်သောင့်သက်သာ အဆင်ပြေနေလောက်မည် မထင်။

ရှင်နေမင်းရှိနေလို့သာ....သူ့ဘဝထဲမှာ ရှင်နေမင်းရှိနေလို့သာပေါ့။

သီတင်းကျွတ်ပိတ်ရက်တွေဖြတ်သန်းပြီးတော့ အဘိဓမ္မာနေ့သီတင်းကျွတ်လပြည့်နေ့ကို ရောက်လာသည်။

သက်ငြိမ်အေးသည် လပြည့်နေ့မှာ
ဥပုသ်စောင့်မယ်လို့ စဥ်းစားလိုက်ပေမဲ့ ချစ်သူကောင်လေးမျက်နှာကို မြင်လိုက်မိတော့ မစခင်တည်းကလက်လျှော့လိုက်မိသည်။ ဖက်သည်၊ နမ်းသည်၊ ပျားရည်ပေါ်သကာဆင့်ထားသော ပန်းဝတ်ရည်တွေလိုချိုမြမြစကားတွေပြောပြီး သူ့ကိုတီတီတာတာတွေချွဲမည်။ ဒါတွေကိုရှင်နေမင်းစိတ်တိုင်းကျ လုပ်ခွင့်ပြုဖို့ဆို ဥပုသ်သီလဆောက်တည်၍မရပြီ။

မနက်စာစားအပြီးမှာ ရောက်လာသော
ညီမလေးတို့ကြောင့်သက်ငြိမ်အေးမှာပျော်ရပြန်သည်။ ညီမလေးနှင့်ရဲရင့်စွမ်း
သူ့ကိုလာကန်တော့ခြင်းဖြစ်သည်။

သူဝတ်နေကျပုဆိုးကွက်စိပ်အုပ်များအပြင် တစ်ကိုယ်ရေသုံးပစ္စည်းတွေထိပါဝယ်ကာ ကန်တော့လာသောညီမလေးတို့ကြောင့် သက်ငြိမ်အေးမအံ့သြဘဲမနေနိုင်။ နို့မှုန့်၊ ပြင်ဦးလွင်ထုတ်လက်ဖက်ရည်ထုပ်များအပြင် ရေမွှေး၊ မှုတ်ဆိတ်ရိတ်ခရင်မ်အထိ လာကန်တော့သည့်ပစ္စည်းများက အမျိုးအစားစုံလှသည်။ နှစ်တိုင်းညီမလေးကန်တော့ပေမဲ့ ဒီနှစ်ကတော့အများဆုံးပင်။

ချစ်ရေစက်Tempat cerita menjadi hidup. Temukan sekarang